Consultancy Service (TJ မှတ်တမ်းရုပ်ရှင်တိုများ ရိုက်ကူးရန်)
Thematic Area : Human Rights Clinic
Deadline : 28 February 2026
| လုပ်ငန်းအမည် | မှတ်တမ်းရုပ်ရှင်တိုများ ရိုက်ကူးရန်အတွက် Consultant သို့မဟုတ် Consultant Team |
| အစီရင်ခံရမည့်သူ | ဥက္ကဋ္ဌ
အညာလေ့လာရေးစင်တာ |
| ကြီးကြပ်ရန်တာဝန် | မရှိပါ။ |
| ဌာန | လူ့အခွင့်အရေးဆေးခန်း၊ အညာလေ့လာရေးစင်တာ |
| တာဝန်ထမ်းဆောင်ရမည့် ဒေသ | စစ်ကိုင်း နှင့် မကွေး |
| လျှောက်ထားရမည့်နောက်ဆုံးရက် | ၂၈ ဖေဖော်ဝါရီ ၂၀၂၆ |
| စာချုပ်အမျိုးအစား | Individual Service Agreement |
| စာချုပ်သက်တမ်း | (၆) လ အများဆုံး။ |
အညာလေ့လာရေးစင်တာအကြောင်း
အညာလေ့လာရေးစင်တာသည် လွတ်လပ်၍ အကျိုးအမြတ်မယူသည့် အညာဒေသအခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံရေးပါတီအဖွဲ့အစည်းတစ်ခု မဟုတ်ပါ။ လူ့အခွင့်အရေး ယဉ်ကျေးမှု မြှင့်တင်ရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းများ လုပ်ဆောင်သည့် အစုအဖွဲ့တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့စင်တာသည် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တရားလက်လွှတ်သတ်ဖြတ်မှုများ နှင့် စစ်ရာဇဝတ်မှုများကဲ့သို့သော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို မှတ်တမ်းကောက်ယူခြင်း၊ သုတေသနပြုခြင်း နှင့် သုံးသပ်အစီရင်ခံခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ပါသည်။ သုတေသန နှင့် သုံးသပ်အစီရင်ခံခြင်း လုပ်ငန်းများ လုပ်ဆောင်သည့် စင်တာတစ်ခုအနေဖြင့် အညာဒေသတွင် ဖြစ်တည်နေသော စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်နားလည်နိုင်ရေးအတွက်လည်း လုပ်ဆောင် ပါသည်။ ထိုမှတဆင့် တရားမျှတမှု၊ အကြပ်အတည်းကာလတုန့်ပြန်ရေးလုပ်ငန်းများ၊ စစ်ပွဲကာလ အလွန် တည်ဆောက်ရေးလုပ်ငန်းများ နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို မောင်းနှင် လုပ်ကိုင်နိုင်ရန် ကျွန်ုပ်တို့မျှော်လင့် ပါသည်။
လုပ်ငန်းနောက်ခံအကြောင်းအရာ
အညာလေ့လာရေးစင်တာသည် စစ်မက်ပဋိပက္ခအတွင်း ပြင်းထန်သော နိုင်ငံတကာရာဇဝတ်မှုများ နှင့်ပတ်သတ်၍ စုံစမ်းစစ်ဆေးခြင်း နှင့် သုတေသနပြုစုခြင်းလုပ်ငန်းများ လုပ်ဆောင်ပါသည်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းများအတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါ သည်။ အညာတွင် ကြုံတွေ့နေရသော ဆိုးရွားပြင်းထန်သည့် နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သတ်၍ စနစ်တကျမှတ်တမ်းရိုက်ကူးပါမည်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဘာသာရပ်ဆိုင်ရာ Virtual Museum တွင် ပြသနိုင်ရန်နှင့် အရေးဆိုခြင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ဖြစ်ပါသည်။
ရည်ရွယ်ချက်
- အသွင်ကူးပြောင်းရေးကာလတရားမျှတမှုနှင့် ဆက်စပ်သော case stories များကို စနစ်တကျ မှတ်တမ်းတင်ခြင်း
- Survivor-centred နှင့် conflict-sensitive approach ကို အခြေခံ၍ အမှန်တရားနှင့် အမှတ်တရတည်ဆောက်ရေး ကို ပံ့ပိုးခြင်း
- CAS ၏ လူ့အခွင့်အရေး၊ သုတေသနနှင့် advocacy လုပ်ငန်းများအတွက် အသုံးချနိုင်မည့် visual / multimedia resources များ ဖန်တီးခြင်း
လုပ်ငန်းနယ်ပယ်
- CAS နှင့် ညှိနှိုင်း၍ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုနှင့် ဆက်စပ်သော case stories များကို ရွေးချယ်ခြင်း
- Case stories များကို ရိုက်ကူး၊ မှတ်တမ်းတင်ခြင်း (video / photo / multimedia)
- Survivor-centred၊ conflict-sensitive နှင့် Do No Harm principle များကို လိုက်နာ၍ ဆောင်ရွက်ခြင်း
- အကြောင်းအရာ၊ ရိုက်ကူးပုံစံနှင့် ထုတ်ဝေမှုအပေါ် CAS နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း
- လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာကာကွယ်မှု (confidentiality) နှင့် informed consent ကို အပြည့်အဝ လိုက်နာခြင်း
Deliverables
- အသွင်ကူးပြောင်းရေးကာလတရားမျှတမှုနှင့် ဆက်စပ်သော case stories အနည်းဆုံး (၁၀) ပုဒ်
- Case story တစ်ပုဒ်စီအတွက် အကြောင်းအရာအကျဉ်းချုပ်
- ထုတ်ဝေရန် အဆင်သင့်ဖြစ်သည့် final output format (video/photo-story/multimedia)
- Consultancy ကာလပြီးဆုံးချိန်တွင် လုပ်ငန်းပြီးစီးမှု အစီရင်ခံစာ (Final Report)
အချိန်ဇယား
- Consultant သည် စာချုပ်စတင်သည့်နေ့မှစ၍ ၆ လအတွင်း လုပ်ငန်းအားလုံးကို ပြီးစီးအောင် ဆောင်ရွက်ရပါမည်။
ငွေပေးချေမှုအစီအစဉ်
- Workplan တင်သွင်းပြီးပါက – ၂၀%
- Case stories (၅) ပုဒ် ပြီးစီးပါက – ၃၀%
- အလုပ်အားလုံးပြီးစီးပြီး Final Report တင်သွင်းပါက – ၂၀%
လိုအပ်သော အရည်အချင်းများ
- Documentary / visual storytelling / multimedia production အတွေ့အကြုံရှိသူ
- Human rights သို့မဟုတ် transitional justice ဆိုင်ရာ အလုပ်အတွေ့အကြုံရှိသူကို ဦးစားပေးမည်
- Do No Harm principle၊ survivor protection နှင့် security risk awareness ရှိသူ
- အညာဒေသခံဖြစ်သူကို ဦးစားပေးမည်။
လျှောက်ထားရန်
လျှောက်ထားလိုသူများအနေဖြင့်
- CV/Portfolio
- Motivation letter
- Budget Estimate
တို့ကို office@ah-nyarstudies.org သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ အလုပ်အကိုင်အမည်ကို Email subject တွင် ဖော်ပြပေးရပါမည်။ ဆန်ကာတင် ရွေးချယ်ခံရသူများ ကိုသာ ဆက်သွယ်အင်တာဗျူးခေါ်ယူပါမည်။
လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် လွဲမှားစွာ ပြုခြင်းတို့မှ ကာကွယ်ခြင်း
အညာလေ့လာရေးစင်တာသည် Sexual Exploitation and Abuse (SEA) ကို လုံးဝလက်မခံသော (Zero Tolerance) အဖွဲ့အစည်းဖြစ်ပါသည်။ ဝန်ထမ်းများ၊ ဝန်ဆောင်မှု စာချုပ်ဖြင့် အလုပ် လုပ်ကိုင်သူများအားလုံးသည် PSEA စည်းမျဉ်းများကို အပြည့်အဝ လိုက်နာရမည် ဖြစ်ပါသည်။
အခွင့်အရေးတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမရှိရေး ကြေညာချက်
အညာလေ့လာရေးစင်တာသည် အခွင့်အရေးတန်းတူညီမျှမှုကို လေးစားလိုက်နာသော အဖွဲ့အစည်း ဖြစ်ပါသည်။ လူမျိုး၊ လူမျိုးစု၊ ဘာသာရေး၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှု သို့မဟုတ် ဥပဒေအရ ကာကွယ်ထားသော အခြေအနေများအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ပါ။ အားလုံးပါဝင်နိုင်သော၊ တန်းတူညီမျှသော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးရန် ကျွန်ုပ်တို့ အပြည့်အဝ ကတိပြုပါသည်။ စစ်မက်ဒဏ်ခံဒေသများမှ လူပုဂ္ဂိုလ်များနှင့် ကိုယ်စားပြုမှု နည်းပါးသော အုပ်စုများမှ လျှောက်ထားသူများကို အထူးအားပေး ဖိတ်ခေါ်ပါသည်။
လျှောက်လွှာများကို တစ်ဆင့်ချင်း စိစစ်သုံးသပ်မည်ဖြစ်ပြီး စောစီးစွာ တင်သွင်းသူများကို ဦးစားပေးစဉ်းစားပါမည်။ ရွေးချယ်ခံရသော လျှောက်ထားသူများကိုသာ အင်တာဗျူးအတွက် ဆက်သွယ်မည် ဖြစ်ပါသည်။ လိုအပ်ပါက ခေါ်ယူရေးလုပ်ငန်းစဉ်ကို မည်သည့်အချိန်တွင်မဆို ပိတ်သိမ်းနိုင်သော အခွင့်အရေးကို ကျွန်ုပ်တို့ ထိန်းသိမ်းထားပါသည်။
