တွဲဖက်သုတေသီ (Research Associate)

Thematic Area : Human Rights Clinic
Deadline : သတ်မှတ်ထားခြင်း မရှိပါ
ရာထူး | တွဲဖက်သုတေသီ (Research Associate) |
ကဏ္ဍ | လူ့အခွင့်အရေးဆေးခန်း |
တည်နေရာ | စစ်ကိုင်း၊ မကွေး သို့မဟုတ် မန္တလေး |
ကာလ | ၃ လ |
အစီရင်ခံရမည့်သူ | သုတေသီ |
အညာလေ့လာရေးစင်တာအကြောင်း
အညာလေ့လာရေးစင်တာသည် လွတ်လွတ်လပ်၍ အကျိုးအမြတ်မယူသည့် အညာ ဒေသအခြေ စိုက် အဖွဲ့အစည်း ဖြစ်သည်။ နိုင်ငံရေးပါတီအဖွဲ့အစည်း တစ်ခုမဟုတ်ပါ။ လူ့အခွင့်အရေး ယဉ်ကျေး မှုမြှင့်တင့်ရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်လုပ်ငန်းများ လုပ်ဆောင်သည့် အစုအဖွဲ့တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့စင်တာသည် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တရားလက်လွတ်သတ်ဖြတ်မှုများ နှင့် စစ်ရာဇဝတ်မှုများ ကဲ့သို့သော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ ကို မှတ်တမ်းကောက်ယူခြင်း ၊ သုတေသနပြုခြင်း နှင့် သုံးသပ်အစီရင်ခံခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ပါသည်။ သုတေသန နှင့် သုံးသပ်အစီရင်ခံခြင်း လုပ်ငန်းများ လုပ်ဆောင်သည့် စင်တာ တစ်ခုအနေဖြင့် အညာဒေသတွင်ဖြစ်တည်နေသော စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်နားလည်နိုင်ရေး အတွက်လည်း လုပ်ဆောင်ပါသည်။ ထိုမှတဆင့် တရားမျှတမှု၊ အကြပ်အတည်းကာလ တုန့်ပြန့်ရေး လုပ်ငန်းများ၊ စစ်ပွဲကာလအလွန် တည်ဆောက်ရေး လုပ်ငန်း များနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး လုပ်ငန်း များကို မောင်းနှင် လုပ်ကိုင်နိုင်ရန် ကျွန်ုပ်တို့ မျှော်လင့်ပါ သည်။
ရာထူးအကျဥ်းချုပ်
တွဲဖက်သုတေသီ (Research Associate) အနေဖြင့် Community Dialogue on Local Justice Practices စီမံချက်အတွက် လူထုအခြေပြုသုတေသနလုပ်ငန်းများ လုပ်ဆောင်ရန် ဖြစ်ပါသည်။ မကွေးတိုင်း (အထူးသဖြင့် ယောဒေသ နှင့် မင်းဘူးခရိုင်)၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းရှိ စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။
လုပ်ဆောင်ရမည့်တာဝန်များ
- ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးတွဲ၍ လူထုအခြေပြုသုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်။
- ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာရမည့် တာဝန်များ၊ ဦးတည် ဆွေးနွေးမှုတွင် ကျင့်သုံးရမည့် အခြေခံ မူဘောင်များ၊ ဦးတည်ဆွေးနွေးမှုတွင် အသုံးပြုမည့် မေးခွန်းများနှင့် ပတ်သက်၍ ပါဝင်လုပ်ဆောင်ခြင်း။
- ကွင်းဆင်းဆွေးနွေးမှုလုပ်ဆောင်ပြီးပါက အစီရင်ခံစာတင်ပြခြင်း၊ debreifing လုပ်ဆောင်ခြင်း။
- သုတေသီမှ တာဝန်ပေးအပ်သော အခြားလုပ်ငန်းများ
ခံစားခွင့်များ
- လစာ
- ခရီးသွားလာရေး နှင့် ဆက်သွယ်ရေးစာရိတ်များ
စိတ်ပါဝင်စားသူများအနေဖြင့် jobatahnyar@proton.me ထံသို့ မိမိ၏ လုပ်ငန်းအတွေ့အကြုံများ ကို အသေးစိတ်ဖော်ပြထားသော ကိုယ်ရေးရာဇဝင်ကို ပေးပို့လျှောက်ထားနိုင်ပါသည်။
တန်းတူအခွင့်အလမ်း နှင့် ခွဲခြားဆက်ဆံမှုမရှိရေးကြေငြာချက်
အညာလေ့လာရေးစင်တာသည် တန်းတူအခွင့်အလမ်းရှိရေးမူဝါဒ ထားရှိသောစင်တာတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပါဝင်နိုင်သည့်၊ သာတူညီမျှသော လုပ်ငန်းခွင်တစ်ခု ဖန်တီးရန် ကတိကဝတ်ပြုထားပါသည်။ ထို့ကြောင့် လူမျိုး၊ လူမျိုးစု၊ လိင်၊ ကိုးကွယ်သည့် ဘာသာ၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှု သို့မဟုတ် အခြား ဥပဒေအရ ကာကွယ်ထားသည့် အခြေအနေများအပေါ် မူတည်၍ ခွဲခြားဆက်ဆံမှု မပြုပါ။ ပဋိပက္ခဒဏ်ခံရသည့် လူမှုအသိုင်းအဝိုင်းများနှင့် ရိုးရာအရ ကိုယ်စားပြုနိုင်ခွင့် အားနည်းနေသည့် အုပ်စုဝင်များမှ အလုပ်လျှောက်ထားခြင်းကို အထူးတိုက်တွန်းပါသည်။
လျှောက်လွှာများကို အစဉ်အတိုင်း စိစစ်သွားမည်ဖြစ်ပြီး ပထမဦးစွာ တင်သည့် လျှောက်လွှာများကို ဦးစားပေး စိစစ်မည်ဖြစ်ပါသည်။ အင်တာဗျူးအဆင့် သတ်မှတ်ခံရမည့် လျှောက်လွှာများကိုသာ ဆက်သွယ်မည်ဖြစ်ပါသည်။ အလုပ်ခေါ်ယူခြင်း လုပ်ငန်းစဉ်ကို မည်သည့်အချိန်၌မဆို ပိတ်သိမ်းခွင့်ကို ကျွန်ုပ်တို့ ထားရှိပါသည်။