Project Assistant (စီမံချက်လက်ထောက်)

Publication Image

Thematic Area : Crisis Response

Deadline : ဆောလျင်စွာလျှောက်ထားပါရန်။

အလုပ်ကြော်ငြာအမှတ်။   CAS_10_06082026

ရာထူးအမည် စီမံချက်လက်ထောက် (Project Assistant)
အစီရင်ခံရမည့်သူ စီမံချက်မန်နေဂျာ
ကြီးကြပ်ရန်တာဝန် မရှိပါ
ဌာန အညာလေ့လာရေးစင်တာ
တာဝန်ထမ်းဆောင်ရမည့် ဒေသ ၀က်လက်မြို့နယ်၊ စစ်ကိုင်း။
လျှောက်ထားရမည့်နောက်ဆုံးရက် ဆောလျင်စွာလျှောက်ထားပါရန်။
စာချုပ်အမျိုးအစား အချိန်ပြည့်ဝန်ထမ်းစာချုပ်။
စာချုပ်သက်တမ်း ဒီဇင်ဘာလကုန် (၂၀၂၆) အထိ (သက်တမ်းတိုးရန်ရှိ။)

အညာလေ့လာရေးစင်တာအကြောင်း

အညာလေ့လာရေးစင်တာသည် လွတ်လပ်၍ အကျိုးအမြတ်မယူသည့် အညာဒေသအခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံရေးပါတီအဖွဲ့အစည်းတစ်ခု မဟုတ်ပါ။ လူ့အခွင့်အရေး ယဉ်ကျေးမှု မြှင့်တင်ရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းများ လုပ်ဆောင်သည့် အစုအဖွဲ့တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့စင်တာသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဒေသဆိုင်ရာ အခြေအနေများကို မှတ်တမ်းကောက်ယူခြင်း၊ သုတေသနပြုခြင်း နှင့် သုံးသပ်အစီရင်ခံခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ပါသည်။ သုတေသန နှင့် သုံးသပ်အစီရင်ခံခြင်း လုပ်ငန်းများ လုပ်ဆောင်သည့် စင်တာတစ်ခုအနေဖြင့် အညာဒေသတွင် ဖြစ်တည်နေသော စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်နားလည်နိုင်ရေးအတွက်လည်း လုပ်ဆောင် ပါသည်။ ထိုမှတဆင့် တရားမျှတမှု၊ အကြပ်အတည်းကာလတုန့်ပြန်ရေးလုပ်ငန်းများ၊ စစ်ပွဲကာလ အလွန် တည်ဆောက်ရေးလုပ်ငန်းများ နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို မောင်းနှင် လုပ်ကိုင်နိုင်ရန် ကျွန်ုပ်တို့မျှော်လင့်ပါသည်။

လုပ်ငန်းနောက်ခံအကြောင်းအရာ

အညာလေ့လာရေးစင်တာ လုပ်ဆောင်မည့် စီမံချက်နယ်မြေ အတွင်း လူထု ကြံ့ကြံ့ခံနိုင်မှု၊ လူ့အခွင့်အရေး ၊ စစ်မက်ပဋိပက္ခအတွင်း ဒေသလိုအပ်ချက်များ သိရှိနိုင်ရေးနှင့် အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှု လုပ်ငန်းများ  လုပ်ဆောင်ရာတွင် လိုအပ်သည့် အခန်းကဏ္ဍ မှ ပါ၀င်ရမည် ဖြစ်ပါသည်။ လုပ်ဆောင်ရမည့် အဓိက တာ၀န်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တာဝန်ဝတ္တရားများ

  • စီမံချက် လုပ်ငန်းများကို စီစဉ်ခြင်း၊ ညှိနှိုင်းခြင်းနှင့် အကောင်အထည်ဖော်ခြင်း။
  • အဖွဲ့အစည်းအတွင်းပိုင်းရှိ အဖွဲ့၀င်များ၊ ဒေသရှိလူထု၊ လူထုခေါင်း‌ဆောင်များ၊ အာဏာပိုင်များ၊ အကျိုးတူပါဝင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
  • စီမံချက် အချိန်ဇယားများ၊ မှတ်တမ်းများ၊ ငွေစာရင်းများနှင့် လုပ်ငန်းအစီအစဉ်များနှင့် စာရွက်စာတမ်းများကို အဖွဲ့အစည်း စည်းမျဥ်း စည်းကမ်းနှင့် အညီ ပြင်ဆင်ထိန်းသိမ်းခြင်း။
  • စီမံချက် တိုးတက်မှုကို လုပ်ငန်း အစီအစဥ်နှင့် စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း ညွှန်းကိန်းများ အရ စောင့်ကြည့်ပြီး အစီရင်ခံခြင်း။
  • အစည်းအဝေးများ စီစဉ်ခြင်း၊ အစီအစဉ်များ ပြင်ဆင်ခြင်း၊ မှတ်တမ်းများ မှတ်တမ်းတင်ခြင်းနှင့် နောက်ဆက်တွဲလုပ်ဆောင်ရမည့် လုပ်ငန်းများကို လုပ်ဆောင်ခြင်း။
  • စီမံချက် လိုအပ်ချက်အရ ဝယ်ယူမှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အရင်းအမြစ် ညှိနှိုင်းဆောင်ရွက်မှုများကို ပံ့ပိုးလုပ်ဆောင်ပေးခြင်း။
  • ဒေသအခြေအနေများကို အဆက်မပြတ်လေ့လာ၍ အလားအလာရှိသော စီမံချက်ဖြစ်နိုင်ခြေများ၊ အန္တရာယ်များကို ဖော်ထုတ်ပြီး ကြီးကြပ်ရေးမှူးထံ အစီရင်ခံခြင်း။
  • စီမံချက်ဆိုင်ရာ အစီရင်ခံတင်ပြမှုများ၊ အခြေအနေ အစီရင်ခံစာများနှင့် အခြားစာရွက်စာတမ်းများ ပြင်ဆင်ရာတွင် ကူညီပေးခြင်း။
  • မြေပြင်ကွင်းဆင်း လေ့လာမှုများကို တာ၀န်ရှိသည့် လူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
  • ကြီးကြပ်ရေးမှူးမှ လိုအပ်ချက်အရ တောင်းဆိုသည်များကို လုပ်ဆောင်ခြင်း။

လိုအပ်သော အရည်အချင်းများ

  • အထက်တန်းအောင် (သို့) ဘွဲ့ကြို Diploma ရထားပြီးသူများ လျှောက်ထားနိုင်ပါသည်။ လူထုဖွံ့ဖြိုးရေး၊ လူမှုရေးသိပ္ပံ၊ နိုင်ငံရေးသိပ္ပံ စသည့်နှီးနွယ်ဘာသာရပ်များ အကျုံးဝင်ပါသည်။
  • စီမံချက်လုပ်ငန်း အတွေ့အကြုံရှိသူနှင့် အညာလေ့လာရေးစင်တာမှ သင်တန်းဆင်းသူများကို  ဦးစားပေးစဥ်းစားမည် ဖြစ်ပါသည်။
  • ဒေသခံဖြစ်သူကို ဦးစားပေးမည်။
  • ကွန်ပြူတာ (Microsoft Office Suite) ကျွမ်းကျင်မှု ရှိရမည်။
  • ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်သွယ်ပြောဆိုခြင်းနှင့် စီမံခန့်ခွဲမှု ကောင်းမွန်ရမည်။

လျှောက်ထားရန်

လျှောက်ထားလိုသူများအနေဖြင့်

  • CV
  • Motivation letter

တို့ကို office@ah-nyarstudies.org သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ အလုပ်အကိုင် အမည်ကို Email subject တွင် ဖော်ပြပေးရပါမည်။ လျှောက်လွှာများကို တစ်ဆင့်ချင်း စိစစ်သုံးသပ်မည်ဖြစ်ပြီး စောစီးစွာ တင်သွင်းသူများကို ဦးစားပေးစဉ်းစားပါမည်။ ရွေးချယ်ခံ ရသော လျှောက်ထားသူများကိုသာ အင်တာဗျူးအတွက် ဆက်သွယ်မည် ဖြစ်ပါသည်။

လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် လွဲမှားစွာ ပြုခြင်းတို့မှ ကာကွယ်ခြင်း

အညာလေ့လာရေးစင်တာသည် Sexual Exploitation and Abuse (SEA) ကို လုံးဝလက်မခံသော (Zero Tolerance) အဖွဲ့အစည်းဖြစ်ပါသည်။ ဝန်ထမ်းများ၊ ဝန်ဆောင်မှု စာချုပ်ဖြင့် အလုပ် လုပ်ကိုင်သူများအားလုံးသည် PSEA စည်းမျဉ်းများကို အပြည့်အဝ လိုက်နာရမည် ဖြစ်ပါသည်။

အခွင့်အရေးတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမရှိရေး ကြေညာချက်

အညာလေ့လာရေးစင်တာသည် အခွင့်အရေးတန်းတူညီမျှမှုကို လေးစားလိုက်နာသော အဖွဲ့အစည်း ဖြစ်ပါသည်။ လူမျိုး၊ လူမျိုးစု၊ ဘာသာရေး၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှု သို့မဟုတ် ဥပဒေအရ ကာကွယ်ထားသော အခြေအနေများအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ပါ။ အားလုံးပါဝင်နိုင်သော၊ တန်းတူညီမျှသော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးရန် ကျွန်ုပ်တို့ အပြည့်အဝ ကတိပြုပါသည်။ စစ်မက်ဒဏ်ခံဒေသများမှ လူပုဂ္ဂိုလ်များနှင့် ကိုယ်စားပြုမှု နည်းပါးသော အုပ်စုများမှ လျှောက်ထားသူများကို အထူးအားပေး ဖိတ်ခေါ်ပါသည်။

အညာလေ့လာရေးစင်တာမှ လျှောက်ထားသူများအား အင်တာဗျူး ရလာဒ်အပေါ် မူတည်၍ အလျင်းသင့်သည့် ရာထူး ချိန်ဆမှုများနှင့် ရာထူး ကမ်းလှမ်းချက်များ ပြုလုပ်မည် ဖြစ်ပါသည်။ လိုအပ်ပါက ခေါ်ယူရေးလုပ်ငန်းစဉ်ကို မည်သည့်အချိန်တွင်မဆို ပိတ်သိမ်းနိုင်သော အခွင့်အရေးကို ကျွန်ုပ်တို့ ထိန်းသိမ်းထားပါသည်။  

Download Job Description
my_MMMyanmar
Share via
Copy link