"တစ်နေရာက မတရားမှုဟာ နေရာတိုင်းက တရားမျှတမှုကို ခြိမ်းခြောက်တာပဲ"
ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ
အညာလေ့လာရေးစင်တာသည် လွတ်လပ်၍ အကျိုးအမြတ်မယူသည့် အညာဒေသအခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံရေးပါတီအဖွဲ့အစည်းတစ်ခု မဟုတ်ပါ။ လူ့အခွင့်အရေး ယဉ်ကျေးမှု မြှင့်တင်ရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းများ လုပ်ဆောင်သည့် အစုအဖွဲ့တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့စင်တာသည် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တရားလက်လွှတ်သတ်ဖြတ်မှုများ နှင့် စစ်ရာဇဝတ်မှုများကဲ့သို့သော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို မှတ်တမ်းကောက်ယူခြင်း၊ သုတေသနပြုခြင်း နှင့် သုံးသပ်အစီရင်ခံခြင်းလုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ပါသည်။ သုတေသန နှင့် သုံးသပ်အစီရင်ခံခြင်း လုပ်ငန်းများလုပ်ဆောင်သည့် စင်တာတစ်ခုအနေဖြင့် အညာဒေသတွင် ဖြစ်တည်နေသော စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်နားလည်နိုင်ရေးအတွက်လည်း လုပ်ဆောင်ပါသည်။ ထိုမှတဆင့် တရားမျှတမှု၊ အကြပ်အတည်းကာလတုန့်ပြန်ရေးလုပ်ငန်းများ၊ စစ်ပွဲကာလအလွန် တည်ဆောက်ရေးလုပ်ငန်းများ နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို မောင်းနှင်လုပ်ကိုင်နိုင်ရန် ကျွန်ုပ်တို့မျှော်လင့် ပါသည်။
ကျွန်ုပ်တို့၏ စီမံကိန်းများ
HRC သည် လူ့အခွင့်ရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ အခွင့်အရေးပညာပေးခြင်း နှင့် လူထုအခြေပြု အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု စီမံချက်များလုပ်ဆောင်ရန် ဆန်းသစ်တီထွင်ထားသော စီမံကိန်းတစ်ခုဖြစ်သည်။
အကြပ်အတည်းကာလတုန့်ပြန်ရေး သည် ကျွန်ုပ်တို့၏ အရေးပေါ်တုန့်ပြန်ရေးကဏ္ဍတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာသော အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းရန် ပြင်ဆင်ထားခြင်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင် တိုက်ရိုက်ငွေသားထောက်ပံ့ခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း နှင့် အခြား မရှိမဖြစ် လူသားချင်းစာနာမှုအကူအညီပေးအပ်ခြင်း လုပ်ငန်းများ ပါဝင်ပါသည်။
မိမိတို့၏ လုပ်ငန်းများသည် အဓိကကဏ္ဍ သုံးခုအပေါ် အာရုံစိုက်ထားပါသည်။ ပထမအနေဖြင့် လူထုဆွေးနွေးပွဲများနှင့် လူမှုတာဝန်ခံမှု ယန္တရားများမှတစ်ဆင့် ပြည်သူများ၏ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ ဒုတိယအနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များအား ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် အုပ်ချုပ်မှုစနစ်များတွင် နည်းပညာဆိုင်ရာ အထောက်အကူများ ပေးအပ်ခြင်း၊ တတိယအနေဖြင့် ဆုံးဖြတ်ချက်ချခြင်းနှင့် တာဝန်ခံမှုကို ထောက်ပံ့နိုင်ရန် ဒေသအခြေပြု ဒေတာများကို ထုတ်လုပ်ဖန်တီးခြင်း ဖြစ်ပါသည်။
အညာလေ့လာရေးသည် အညာလူမှုအသိုက်အဝန်းနှင့် ပတ်သတ်၍ ပညာရပ်ဆိုင်ရာသုတေသနလုပ်ဆောင်မှုများ တိုးမြှင့်ရန်၊ သိမှုနယ်ပယ်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန် နှင့် ၎င်း၏ သမိုင်းကြောင်းနှင့် လူမှု–ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ရန် ရည်ရွယ်ထားသော ရေရှည် သုတေသနအစီအစဉ်တစ်ရပ် ဖြစ်ပါသည်။ ဤစီမံကိန်းသည် ဘာသာရပ်ပေါင်းစုံပေါင်းစည်းသည့် နည်းလမ်းကို အသုံးပြုကာ အဓိက သုတေသနကဏ္ဍ သုံးခုဖြစ်သည့် လူမှုဗေဒ၊ သမိုင်းနှင့် နိုင်ငံရေးတို့အပေါ် အခြေခံဆောင်ရွက်ထားပါသည်။





Read our latest research and updates on politics, human rights, transitional justice and Ah Nyar Studies.
With the rise of discussions around the Steering Council for the Establishment of a Federal Democratic Union (SCEF), political debate appears to have become more prominent than institutional building, in contrast to the institution-building processes observed last month across the three units of central Burma.
Evidence from victims’ families, eyewitnesses, aid workers, photographs and weapon remnants indicates patterns of extrajudicial killings, severe ill-treatment, destruction of civilian property and attacks affecting civilian areas.
Resistance governance and federal institution-building advanced across Central Burma, while intensified military offensives, widespread airstrikes and a deteriorating human rights situation caused escalating civilian casualties, displacement and insecurity throughout Sagaing, Magway and Mandalay.
Our evidence indicates that the military operation extended beyond engagements with resistance forces and had a serious impact on civilians and civilian properties, including homes, cultural and religious heritage and civilian infrastructure.
Renewed military offensives along the India–Burma Friendship Road triggered fresh displacement, particularly around Khampat and Yarzagyo in Sagaing Region.
In contemporary conflicts, authority is measured not only by who holds territory, but by who can govern, supply, finance and connect it. The ability to sustain economic and administrative systems ultimately determines whether military control can be translated into durable political authority. To put it simply, modern revolutions are not won through political narratives alone. They are won through the capacity to govern, mobilise resources and maintain functioning systems that sustain both resistance and society.
Federal Unit Governments in Ah Nyar continued to consolidate interim governance structures and deepen political coordination amid the re-escalation of conflict in the region.
“အညာတော်လှန်ရေးကို နိုင်သူရှုံးဖြစ်မှာစိုးတယ်” ဆောင်းပါး ပါမေးခွန်းများကို ဆွေးနွေးဖြေဆိုခြင်း (7th Edition)
“အညာတော်လှန်ရေးကို နိုင်သူရှုံးဖြစ်မှာစိုးတယ်” ဆောင်းပါး ပါမေးခွန်းများကို ဆွေးနွေးဖြေဆိုခြင်း (7th Edition)
Human Rights Situation in Central Burma (Jan-Jun 2025)
Human Rights Situation in Central Burma (Jan-Jun 2025)
Human Rights Situation in Central Burma (January – June, 2026)
Human Rights Situation in Central Burma (January – June, 2026)
Human Rights Situation in Central Burma (July-December, 2025)
Human Rights Situation in Central Burma (July-December, 2025)
What is Happening in Ah Nyar? Issue 2/2026
What is Happening in Ah Nyar? Issue 2/2026
What is Happening in Ah Nyar? Issue 3/2026
What is Happening in Ah Nyar? Issue 3/2026
What is Happening in Ah Nyar? Issue 4/2026
What is Happening in Ah Nyar? Issue 4/2026
What is Happening in Central Burma (Ah Nyar)? Issue (20/2025)
What is Happening in Central Burma (Ah Nyar)? Issue (20/2025)
What is Happening in Central Burma (Ah Nyar)? Issue (21/2025)
What is Happening in Central Burma (Ah Nyar)? Issue (21/2025)
What is Happening in Central Burma (Ah Nyar)? Issue (22/2025)
What is Happening in Central Burma (Ah Nyar)? Issue (22/2025)
What is Happening in Central Burma (Ah Nyar)? Issue (23/2025)
What is Happening in Central Burma (Ah Nyar)? Issue (23/2025)
What is Happening in Central Burma (Ah Nyar)? Issue (24/2025)
What is Happening in Central Burma (Ah Nyar)? Issue (24/2025)
What is Happening in Central Burma (Ah Nyar)? Issue (25/2025)
What is Happening in Central Burma (Ah Nyar)? Issue (25/2025)
What is Happening in Central Burma (Ah Nyar)? Issue (26/2025)
What is Happening in Central Burma (Ah Nyar)? Issue (26/2025)
ပိုမိုကောင်းမွန်သော လူ့အသိုက်အဝန်း တည်ဆောက်ရေးအတွက် ကျွန်ုပ်တို့၏ ပန်းတိုင်သွားရာခရီးတွင် အတူတူရှိနေပေးခြင်းအတွက် များစွာကျေးဇူးတင်ပါတယ်။ မိတ်ဆွေများရဲ့ ကူညီမှုများကြောင့် အမှန်တရားကို မှတ်တမ်းတင်ခြင်း၊ မျိုးဆက်သစ်များကို အသိပညာပေးခြင်း နှင့် တရားမျှတမှုအရွေ့အတွက် အားဖြည့်ခြင်းများကို ကျွန်ုပ်တို့ လုပ်ဆောင်နေနိုင်ခြင်းဖြစ်ပါသည်။
အညာလေ့လာရေးစင်တာ