
Project Title : Ah Nyar Studies
Thematic Area : Ah Nyar Studies
Project Summary
အညာလေ့လာရေး အညာလေ့လာရေးစီမံကိန်းသည် အညာလူထု၏ သမိုင်းနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာ နက်နဲသိမ်မွေ့သည့် နားလည်မှုများ တည်ဆောက်ရန်၊ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် သုတေသနအသစ်များ ဖော်ထုတ်ရန် ရည်ရွယ်သည့် ရေရှည်သုတေသနစီမံကိန်းတစ်ခုဖြစ်သည်။ ဤစီမံကိန်းတွင် ဘာသာရပ်စုံချဉ်းကပ်နည်းကို အသုံးပြု၍ သုတေသနကဏ္ဍသုံးခုဖြင့် လေ့လာမှုများ ဆောင်ရွက်သည်။ မနုဿဗေဒကဏ္ဍ၊ သမိုင်းကဏ္ဍ နှင့် နိုင်ငံရေးကဏ္ဍတို့ဖြစ်ပါသည်။
- မနုဿဗေဒကဏ္ဍ အညာလူထု၏ ယဉ်ကျေးမှုအလေ့အထများ၊ လူမှုဖွဲ့စည်းပုံများ၊ ထုံးတမ်းစဉ်လာများနှင့် အသိပညာထုတ်လုပ်သော နည်းလမ်းများကို ဝေဖန်ပိုင်းခြားလေ့လာသည်။ ယဉ်ကျေးမှုအမှတ်လက္ခဏာနှင့် လူ့အဖွဲ့အစည်း စည်းလုံးညီညွတ်မှုကို ပုံဖော်သည့် နေ့စဉ်လှုပ်ရှားမှုများ၊ ယုံကြည်မှုစနစ်များကို နက်နက်ရှိုင်းရှိုင်း သုံးသပ်ရန်ဖြစ်ပါသည်။
- သမိုင်းကဏ္ဍ အညာလူထု၏ မူလဇစ်မြစ်၊ ပြောင်းရွှေ့နေထိုင်မှုပုံစံများ၊ ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်နောက်ပိုင်း လွှမ်းမိုးမှုများအပါအဝင် လူမှုနိုင်ငံရေးအသွင်ကူးပြောင်းမှုများကို သမိုင်းမှတ်တမ်းများ၊ အကိုးအကားများနှင့်အညီ စနစ်တကျ လေ့လာသုံးသပ်ရန် ဖြစ်ပါသည်။
- နိုင်ငံရေးကဏ္ဍ အညာလူထု၏ နိုင်ငံရေးယန္တရားများ၊ အုပ်ချုပ်ရေးစနစ်များ၊ စုပေါင်းစွမ်းဆောင်နိုင်စွမ်းနှင့် ဒေသတွင်း/အမျိုးသားအဆင့် နိုင်ငံရေးလှုပ်ရှားမှုများအတွင်း ၎င်းတို့၏ ပါဝင်ကိုယ်စားပြုမှုများကို လေ့လာသည်။
Photo: Mai A Naing‘s Facebook