Category: Op-ed

  • ပညာရေးအခွင့်အရေး နှင့် မြန်မာ့နွေဦးတော်လှန်ရေး

    ပညာရေးအခွင့်အရေး နှင့် မြန်မာ့နွေဦးတော်လှန်ရေး

    ပညာရေးအခွင့်အရေး နှင့် မြန်မာ့နွေဦးတော်လှန်ရေး

    ဗညားတိုး


    ပညာရေးဆိုသည်မှာ အနာဂတ်အတွက်အရေးကြီးကြောင်း နှင့် မိမိတို့ သားစဥ်မြေးဆက်အတွက် လူမွှေးလူရောင်ပြောင်ဖို့ လမ်းကြောင်းတခုဖြစ်ကြောင်း မြန်မာ့ကျေးလက်နေလူထုက နားလည်ခဲ့သည်မှာ သိပ်မကြာသေးလှပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလဟု အများရှုမြင်ခဲ့ကြသည့် ၂၀၁၀ ကာလများ နောက်ပိုင်းဟု ပြောလျှင် လက်ခံနိုင်လောက်ပါသည်။ တကယ်တော့ မြန်မာလူထုက ကံဆိုးလှပါသည်။ ရှေးဘုရင်များ လက်ထက်ကတည်းက ပညာရေးဆိုသည်ကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ တနည်း အစိုးရက ပြည်သူကို လုပ်ပေးရမည့် တာဝန်တရပ်ဟု မယူဆခဲ့ကြ။ ပထမအင်္ဂလိပ်-ဗမာစစ် (၁၈၂၄-၁၈၂၆) မတိုင်မှီကာလ တနည်းအားဖြင့်ဆိုသော် မြန်မာဘုရင်များတင်းပြည့်ကျပ်ပြည့် အုပ်ချုပ်နေသည့်ခေတ်တွင် အများပြည်သူအတွက် ကျောင်းသင်ပညာရေး (Formal Education) ကို အဓိကကျားကန်ပေးထားသည့် ပညာရေးအင်စတီးကျူးရှင်းမှာ ဗုဒ္ဓဘာသာသံဃ အဖွဲ့အစည်းဖြစ်သည်။ ထိုပညာရေး၏ အနှစ်သာရမှာလည်း ဘာသာရေးရည်ရွယ်ချက်ကဲသည်။ ပညာရေး ဝန်ဆောင်မှုကို ဗမာတို့ရဲ့ ရေမြေ့သနင်းပြည့်ရှင်မင်းတို့က ဟုတ်တိပတ်တိ မပေးခဲ့၊ မလုပ်ခဲ့သည်မှာတော့ သေချာသည်။ ၁၉၆၂ အာဏာသိမ်းမှုမှစ၍ အာဏာရှင်အဆက်ဆက်ကလည်း ပညာရေးကို တောထဲထုတ်ခဲ့ သည်မှာ အားလုံးအသိပင်။ 

    ပညာသင်ကြားခွင့်သည် အခွင့်အရေးတရပ်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းပေးရမည့် လူထု အခွင့်အရေးတစ်ရပ်ဖြစ်သည်။ အဆိုပါအချက်ကို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေကလည်း တိတိပပ ပြဌာန်းထားသလို မြန်မာအစိုးရကလည်း မူအားဖြင့်ရော၊ လက်တွေ့အားဖြင့်ပါ လက်ခံထားသောအချက်ဖြစ်သည်။ လူ့အခွင့်အရေးကြေငြာစာတမ်း၊ အပိုင် (၂၆) (၁) တွင် ‘လူတိုင်း ပညာသင်ကြားခွင့်ရှိရမည်’ ဆိုသည့်အချက်ကို ရေးသားထားသည်။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွင် လူ့အခွင့်အရေးကြေငြာစာတမ်းကို soft law ဟု ရည်ညွှန်းသည်။ သူ့မှာ ဥပဒေအရစည်းနှောင်မှု တစုံတရာရှိသည်ဟု နားလည်နိုင်သည်။ နောက်တချက်က International Covenant on Economic, Social and Cultural Rights (ICESCR) ဖြစ်သည်။ သူက ဥပဒေအရစည်းနှောင်မှု ပိုရှိသော လူ့အခွင့်အ‌ရေး စာချူပ်ဖြစ်သည်။ ICESCR စာချုပ်က ပညာသင်ကြားခွင့် နှင့် ပညာရေးအခွင့်အရေးကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်းနှင့်ယှဥ်လျှင် ပိုမိုတိကျ၍ အသေးစိတ်သော ပြဌာန်းချက်များဖြင့် ကာကွယ်ပေးထားပါသည်။ လူတိုင်းသည် ပညာသင်ကြားခွင့်ကို အဆင့်တိုင်းမှာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည်ဖြင့်) ရရှိရမည်ဆိုသည် နှင့် နိုင်ငံတော်အနေနဲ့ ယင်းသို့ရရှိအောင် လုပ်ဆောင်‌ပေးရမည်ဟု ဆိုသည်။ မြန်မာနိုင်ငံကလည်း အဆိုပါ လူ့အခွင့်အရေးစာချူပ် နှစ်ခုစလုံးကို လက်မှတ် ထိုးထားသည်။ ပိုမိုအသေးစိတ်ပြီး ဥပဒေအရ စည်းနှောင်မှုအားကောင်းတဲ့ ICESCR စာချုပ်ကို ၂၀၁၇ ခုနှစ်ကမှ လွှတ်တော်မှာ ဆွေးနွေးပြီး လက်မှတ်ထိုးထားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (UNCRC) ၏ အပိုဒ် ၂၈ တွင်လည်း ကလေးငယ်များ၏ ပညာရေးအခွင့်အရေး၊ ယင်းအခွင့်အရေးကို တန်းတူရပိုင်ခွင့် နှင့် နိုင်ငံတော်အနေနဲ့ ယင်းအခွင့်အရေးကို အဆင့်ဆင့်တိုးမြှင့်ရရှိလာစေရန် (Progressive Realisation) တာဝန် ကို ရေးသားပြဌာန်း ထားသည်။ 

    အဆိုပါ ပညာရေးအခွင့်အရေးကို ကလေးများ နှင့် ပြည်သူများ ရယူသုံးစွဲနိုင်ဖို့ အစိုးရမှာ တာဝန်သုံးရပ် ရှိသည်။ ၁။ အခွင့်အရေးကို လေးစားရန်၊ ၂။ ကာကွယ်ရန် နဲ့ ၃။ပြည့်ဝစွာခံစားနိုင်အောင် လုပ်ဆောင်ပေးရန်။ အခွင့်အရေးကို လေးစားဖို့ဆိုသည်မှာ ပညာရေးအခွင့်အရေးနှင့် ပတ်သတ်၍ နိုင်ငံတော်က စွတ်ဖက်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း မပြုရန်ဟု နိုင်ငံတကာဥပဒေက အဓိပ္ပါယ်ဖွင့်သည်။ ကာကွယ်ရန်ဆိုသည်မှာ နိုင်ငံတော်အနေနဲ့ ကမကထပြုပြီး ပုဂ္ဂိလိက ကဏ္ဍအပါအဝင် အခြားအင်အားစုများ၏ အခွင့်အရေးချိုးဖောက်မှု အန္တရာယ်ကနေ ကာကွယ်ပေးရန်ဖြစ်။ ဥပဒေများ၊ စံလုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်းတို့ပါဝင်သည်။ ပြည့်ဝစွာခံစားနိုင်အောင် လုပ်ဆောင်ပေးရန်မှာ နိုင်ငံတော်မှ ပြည်သူများ ပညာရေးလက်လှမ်းပိုမှီလာအောင် ဦးဆောင်ဦးရွက်ပြုရန်ဖြစ် သည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပညာရေးအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးကို အစိုးရရဲ့ မူဝါဒ နဲ့ လုပ်ဆောင်မှုများမှာ အလေးထားဆောင်ရွက်မည်ဟု အတိအလင်း ဆိုထားသည်ကို တွေ့ရသည်။ 

    ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အထက်ပါ နိုင်ငံတကာဥပဒေက သတ်မှတ်ထားသော ပညာရေးအခွင့်အရေးကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဖို့ အခက်အခဲရှိသည်မှာ အမှန်။ ငွေကြေးအပါအဝင် အရင်းအမြစ်လိုအပ်ချက် ကြောင့်ဖြစ်သည်။ သို့သော် လုံးလုံးလျားလျားမလုပ်နိုင် မကိုင်နိုင်တာတော့ မဟုတ်။ ရှိတဲ့ဘတ်ဂျက်အရင်းအမြစ်ကို အလေအလွင့်မရှိအောင် စနစ်တကျစီမံခန့်ခွဲပြီး တဖြေးဖြေးတိုးတက်လာအောင် လုပ်လို့ရပါသည်။ အဆိုပါအချက် ကို ‘ရနိုင်သောအရင်းအမြစ်ကို အဆုံးစွန်ထိအသုံးပြု၍ အဆင့်ဆင့်တိုးတက်လာအောင် လုပ်ဆောင်ရမည်’ဟု ICESCR သဘောတူစာချုပ် အပိုဒ် ၂ (၁) က ဆိုပါတယ်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံကဲ့သို့ဆင်းရဲသော နိုင်ငံများ အတွက် နိုင်ငံတကာအကူအညီက ပြည်သူများ ပညာသင်ကြားခွင့်ရဖို့ များစွာအရေးပါသည်။ နိုင်ငံတကာ အကူအညီဖြင့် ပညာရေးအသုံးစာရိတ်ကို တိုးမြှင့်နိုင်သည်။ ပညာရေးကဏ္ဍအတွက် လိုအပ်သော နည်းပညာ၊ ပညာရှင် နှင့် ချိတ်ဆက်ဆောင်ရွက်မှုအပိုင်းကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမှ တဆင့်ရနိုင်သည်။ ထို့အတွက် အကောင်းဆုံးလမ်းစမှာ ကုလသမဂ္ဂ၏ အကူညီပေးရေးယန္တယား၊ လူ့အခွင့်အရေးယန္တယား နှင့် ကုလသမဂ္ဂခေါင်းစဉ်အောက်မှ နိုင်ငံတကာဆက်ဆံရေးကို အားသွင်ခွန်စိုက် အသုံးချရရန်ဖြစ်သည်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကလည်း ထိုသို့လုပ်ဆောင်ရန် အားပေးတိုက်တွန်းထားသည်။ ICESCR သဘောတူစာချုပ်ကို ကြီးကြပ်သော ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်တစ်ရပ်ဖြစ်သည့် စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု အခွင့်အရေးကော်မရှင် (Commission on Economic, Social and Cultural Rights, CESCR)က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သတ်၍ အရေးကြီးသော အချက်နှစ်ချက်ကို အထွေထွေမှတ်ချက် အမှတ် (၂) (၁၉၉၀) တွင် ဖော်ထုတ်ထားသည်။ ပထမအချက်အနေဖြင့် ကုလသမဂ္ဂယန္တယားအောက်မှ အဖွဲ့အစည်း အသီးသီးက ပေါင်းစပ်ညှိနှိုင်းပြီး ၎င်းတို့၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု  အခွင့်အရေးများကို တိုးမြှင့်လာစေရေး အစီအမံချလုပ်ဆောင်ရန် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် နိုင်ငံများက မိမိတို့လိုအပ်သည့် ငွေကြေး၊ နည်းပညာ စသည့်အကူအညီများကို CESCR ကော်မရှင်သို့ တင်ပြရန်ဖြစ်သည်။ အခွင့်အရေးကိစ္စ အနှစ်ချုပ်ရလျှင် ပညာရေးသည် အရေးကြီးသည်။ ပညာသင်ကြားခွင့်သည် အခွင့်အရေးတစ်ရပ် ဖြစ်သည်။ အစိုးရများ သို့မဟုတ် အစိုးရလုပ်ချင်သူများအနေဖြင့် လက်ခံလိုက်နာရမည့် ဥပဒေအရ ပေးအပ်ထားသော အခွင့်အရေး ဖြစ်သည်။ ထိုမှတဆင့် မေးခွန်းများမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက ပညာရေးကဏ္ဍကို မည်မျှရိုက်ခတ်ပါသလဲ။ ကလေးများ နှင့် လူငယ်များက နွေဉီးတော်လှန်ရေးတွင် ပညာရေးသင်ကြားခွင့် ရနေကြ ပါသလား။ အကူအညီပေးရေးအဖွဲ့များနှင့် အရပ်ဖက်ပညာရေး အင်စတီကျူးရှင်းများက ပညာရေး အခွင့်အရေး တိုးမြှင့် လာစေရန် မည်သည်တို့ လုပ်နိုင်ပါသလဲ။ 

    ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်သည် မြန်မာလူထုအနေဖြင့် ကိုဗစ်ကပ်ဘေး၏ အထုအထောင်းကို ပယ်ပယ်နယ်နယ်ခံထားရ၊ ခံနေရချိန်လည်း ဖြစ်သည်။ ထိုအထဲတွင် သန်းချီသော ကျောင်းသားများလည်းပါသည်။ ၂၀၁၉-၂၀ ပညာသင်နှစ်စာရင်းအင်းများအရ မြန်မာပြည်တွင် ကျောင်းသားပေါင်း ၁၁.၆ သန်းရှိသည်။ မြန်မာပြည်တွင် ကိုဗစ်စတွေ့ချိန် (၂၃ မတ်လ ၂၀၂၀)သည် အခြေခံပညာကျောင်းများ၏ စာသင်နှစ်ကုန်ဆုံးချိန်နှင့် ကွက်တိဖြစ်နေသောကြောင့် အခြေခံပညာအဆင့် ကျောင်းသင်ပညာရေး (Formal Education) မှာ ကနဦးပိုင်းတွင် သိပ်ထိခိုက်မှုမရှိ။ သို့သော်အဆင့်မြင့်ပညာနှင့် ကျောင်းပြင်ပပညာရေး (Non-Formal Education) မှ ကျောင်းသားများမှာ စာမေးပွဲ မဖြေလိုက်ရ။ ထိုနောက်တွင်တော့ ဇွန်လ ကျောင်းဖွင့်ရာသီတွင်လည်း အချိန်မှီ ကျောင်းမဖွင့်ရသလို၊ ဇူလိုင်လ (၂၁ ဇူလိုင် ၂၀၂၀) မှ ဖွင့်ရသော အထက်တန်း (ဆယ်တန်း) ကျောင်းများမှာလည်း ဖွင့်ပြီး မကြာမှီ ပြန်ပိတ်လိုက်ရသည်။ သမားရိုးကျစာသင်ခန်းများအပေါ် အလွန်အမင်းမှီခိုမှု နှင့် ပညာရေးကဏ္ဍ နည်းပညာများကို ခပ်မြန်မြန် အသုံးမချနိုင်မှုကြောင့်ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနက ဆိုသည်။ မြန်မာ တစ်နိုင်ငံတည်းလားဆိုတော့ လည်း မဟုတ်ပါ။ ကမ္ဘာနိုင်ငံအများကြုံရသော ပြဿနာလည်း ဖြစ်ပါသည်။ 

    ကိုဗစ်ကာကွယ်ဆေး အစောဆုံးထိုးပေးနိုင်ခဲ့ခြင်း နှင့် ကူးစက်မှုဆိုးရွားစွာ မဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ကိုဗစ်ကပ်ရောဂါ အစောပိုင်းကာလမှာ မြန်မာပြည်က တုန့်ပြန်မှုအားကောင်းခဲ့တယ်လို့ ‌အများက အသိအမှတ်ပြု ပါတယ်။ ပညာသင်ကြားခွင့် အခွင့်အရေးရှုထောင့်အရ ကျနော်တော့ ဒီအချက်ကို ပြည့်ပြည့်ဝဝ လက်မခံပါဘူး။  ၂၀၂၀ တစ်နှစ်လုံး ပညာသင်ကြားရေးက ဟုတ်တိပတ်တိ မလုပ်နိုင်ပါဘူး။  Social Distancing မူအရ ကန့်သတ်မှုတွေ များစွာရှိနေတဲ့ကြားက ပညာရေးအင်စတီကျူးရှင်းတွေက Virtual သင်ကြားရေးကို ကူးပြောင်း လိုက်ဖို့ မြန်မြန်ဆန်ဆန် မပြင်ဆင်နိုင်ပါဘူး။ ဒါကလည်း အထနှေးကွေးတဲ့ အစိုးရရဲ့ ဗျိုရိုကရေစီကြောင့်လည်း ဖြစ်နိုင်သလို ကိုဗစ်နဲ့လုံးပန်းနေရလို့ အရင်းအမြစ်ခွဲဝေမှု ဦးစားမပေးနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

    ၂၀၂၁ ခုနှစ် အာဏာသိမ်းတော့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ တပ်ဦးအလံတော်ဟာ Gen Z ဟုခေါ်သော 1997-2012 ခုနှစ်များအတွင်း မွေးဖွားသူများ လက်ထဲတွင်ရှိသည်။ ထိုသူတို့မှာ အခြေခံပညာအဆင့် မပြီးဆုံးသေး သော ကျောင်းသားများနှင့်တက္ကသိုလ် ကျောင်းသားအများစုဆိုသည်ကို အထက်ပါ အသက်အရွယ်အပိုင်းအခြားကို တွက်ချက်ကြည့်ရုံမျှဖြင့် ချက်ချင်းသိနိုင်သည်။ ဒီအချက်က ပေါ့သေးသေးမှတ်ယူရမယ့် အချက်မဟုတ်ပါပေ။ နွေဉီးတော်လှန်ရေးတွင် အဆိုပါမျိုးဆက်၏ တိုက်ပွဲဝင်စိတ်နှင့် ပါဝင်မှုကို ပြည်သူတရပ်လုံးက ဩဘာပေးကြ သော်လည်း ထိုလူအုပ်စု၏ ပညာသင်ကြားခွင့်ကို ပြောသံဆိုသံ သိပ်မကြားရ။ နိုင်ငံတစ်နိုင်ငံ၏ အရေးပေါ်  အခြေအနေမှာ အသက်ရှင်သန်ခွင့် ကဲ့သို့ မရှိမဖြစ် အရေးကြီးသော အခွင့်အရေးများမှအပ ကျန်အခွင့်အရေးများကို အာဏာပိုင်များက ကာလအလိုက် ရုတ်သိမ်းနိုင်သည်ကို သိပါသည်။ သို့သော် ပညာသင်ကြားရေးရပ်ဝန်း အပြင်ဖက် ရောက်သွားသော လူငယ်ထု အတွက် တော်လှန်ရေးအစိုးရသာမက လုပ်နိုင်ကိုင်နိုင်တဲ့ မြန်မာလူထု အပေါ်မှာပါ Moral Responsibility တရပ်ရှိ နေတယ်လို့သတ်မှတ်ရမှာဖြစ်သည်။ တော်လှန်ရေးအစိုးရ တရပ်အနေနှင့်ဆိုလျှင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ Legal Responsibility ပါရှိသည်ဟု ဆိုနိုင်သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စစ်ကောင်စီကြေငြာထားချက်အရ အခြေခံပညာကျောင်းသားပေါင်း ၃.၃ သန်းပဲ စစ်ကောင်စီအောက်မှာ ကျောင်းတက်နေသည်။ ဆိုလိုသည်မှာ အဆိုပါ ကိန်းဂဏန်းထက် နှစ်ဆမကများတဲ့ ကျောင်းသားဦးရေက စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေကို သပိတ်မှောက်နေကြဆဲ။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းသားပေါင်း ၉ သန်းကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

    အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနက အ‌‌ရေးပေါ်ကာလ စာသင်ကျောင်းများ မဖွင့်နိုင်ခင်မှာ ပညာသင်‌ကြားရေးကို ခရီးဆက်နိုင်ရန် နည်းလမ်းနှစ်ခုကို ချပြခဲ့သည်။ နေအိမ်အခြေပြု သင်ကြားရေး နဲ့ လူထုအခြေပြုသင်ကြားရေးနည်းလမ်း။ လိုအပ်သောလမ်းညွှန်ချက် တချို့ကိုလည်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါ နည်းစနစ်နှစ်ခုစလုံးမှာ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းအတွက် Formal Exam မရှိ။ အများနားလည်အောင် ရှင်းရှင်းပြောရလျှင် စာမေးပွဲမရှိပေ။ သို့သော် သမားရိုးကျ သင်ရိုးပြတ်အောင် သင်တဲ့သင်ကြားမှုထက် တတ်ကျွမ်းမှုကို ဦးစားပေးတဲ့ နည်းလမ်းဖြစ်တယ်လို့ NUG ပညာရေးဌာနက ရှင်းပြသည်။ တတ်ကျွမ်းမှုစွမ်းရည်ကို ပညာရေးဝန်ကြီးဌာနက ‘အသိပညာကြွယ်ဝခြင်း၊ ကျွမ်းကျင်မှုရှိခြင်း နှင့် ပြီးပြည့်စုံသော စိတ်နေသဘောထားရှိခြင်းတို့ စုပေါင်းထားသော အရည်အချင်းတရပ်’ ဟု သတ်မှတ်ထားသည်။ အတန်းတင်စနစ်နှင့် စပ်လျဉ်း၍ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်သည့် နည်းလမ်းဖြင့် ကုစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက မူဝါဒတရပ်ကို ချပြထားသည်။ ၎င်း၏ ပညာရေးဝန်ကြီးဌာနက ဆိုသည်မှာ –

    “ကလေးများအားလုံး၏ တက်မြောက်ကျွမ်းကျင်မှုနှင့် ကိုယ်ရေးကိုယ်သွေးများကို ပြန်လည်ဆန်းစစ် အကဲဖြတ်၍ တက်ရောက်ရမည့် အတန်းအတွက် သင်ယူမှုအဆင်သင့်ဖြစ်စေရန် ကုစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ကူးစက်ရောဂါဘေးအန္တရာယ်များနှင့် စစ်ကောင်စီ၏ အကြမ်းဖက်ကြမ်းကြုတ်မှုများ ကြောင့် ကလေးများ ကျောင်းမတက်ရသဖြင့် အတန်းတင်၊ အတန်းတက်ခြင်းများ နောက်ကျမည်ကို စိုးရိမ်ပူပန်မှု ဖြစ်စရာမလိုတော့ပါ။” 

    အဆိုပါမူအရ တော်လှန်ရေးကာလအတွင်း နှင့် တော်လှန်ရေးကာလအလွန်တွင် ကျောင်းသားများကို ကျွမ်းကျင်မှုအလိုက် ပညာသင်ခွင့်၊ တနည်းအားဖြင့် အတန်းကျော်တက်ခွင့်ကို ခွင့်ပြုထားသည်ဟု သတ်မှတ် နိုင်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အရေးပေါ်ကာလအစီအမံများက ကနဦးပိုင်းမှာ အွန်လိုင်းပေါ်က စာသင်ကျောင်းများတွင်ကျယ်ခဲ့ပြီး တဖြေးဖြေး မြေပြင်စာသင်ကျောင်းများပါ တိုးချဲ့ဖွင့်လှစ် ထားသည်ကို တွေ့ရသည်။ ထိုအချက်က သပိတ်မှောက်ကျောင်းသားများနှင့် စစ်ပွဲဒေသတွင်ရှိနေသည့် ကျောင်းသားများအတွက် ပညာသင်ကြားခွင့်ကို များစွာအထောက်အကူပြုသည်။ သို့သော်ဖွင့်လှစ်ထားသော စာသင်ကျောင်းများသည် ကိုဗစ်ကာလ (မတ်လ ၂၀၂၀) မှ စ၍ ကျောင်းသင်ပညာရေး (Formal Education) နှင့် ကင်းကွာခဲ့ရသော ကျောင်းသားများအတွက် နေအိမ်အခြေပြု၊ ရပ်ရွာအခြေပြုစာသင်ကြားရေးမှ ကျောင်းသင် ပညာရေးစနစ်အတွင်း တိုက်ရိုက်ကူးပြောင်းနိုင်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒမှာ လက်တွေ့တွင် အခက်အခဲများစွာရှိပုံရသည်။ အထက်တွင် ဆိုခဲ့သည့် ‘စစ်ဆေးအကဲဖြတ်သည့်နည်းဖြင့် အတန်းကျော် တက်ခွင့်’သည် ဝန်ကြီးဌာနအတွင်း စီမံခန့်ခွဲနေသူများ နှင့် အွန်လိုင်းကျောင်းများမှအပ မြေပြင်ကျောင်းများ အတွက် ဝိရောဓိဖြစ်နေဆဲ။ တိကျသော စံသတ်မှတ်ချက်မရှိ သို့မဟုတ် လိုက်ပါဆောင်ရွက်နိုင်မှု မရှိနေသည်မှာ တော့သေချာသည်။ မြေပြင်တွင် မြို့နယ်အလိုက်ကျောင်းများမှာ တစ်ကျောင်းနေ တစ်ဂါထာ၊ တစ်ရွာနေ တစ်ပုဒ်ဆန်းဆိုသကဲ့သို့ အတန်းကျော်တက်ခွင့် ပြုမည်၊ မပြုမည်ကို (အမျိုးသားညီညွတ်ရေးအစိုးရ၏ မူကို သတိမမူစွာ) ငြင်းခုံနေကြဆဲ။ ထို့အတူ အကဲဖြတ်စစ်ဆေးမှုကလည်း စံစာမေးပွဲမရှိ။ အဆင်ပြေသလို စီမံနေကြဆဲ။ အမျိုးသားညီညွတ်ရေးအစိုးရကလည်း လျစ်လျူရှုထားဆဲ။ 

    တချိန်တည်းမှာပင် စစ်ကောင်စီ လက်အောက်ရှိ ပညာရေးဝန်ကြီးဌာနကလည်း စာသင်ကျောင်းများကို ၂၀၂၁ ခုနှစ် မေလကတည်းက ဖွင့်ဖို့ တာစူခဲ့သည်။ သို့သော် ဆရာအင်အား လေးသိန်းသုံးသောင်းဝန်းကျင်ရှိသော ပညာရေးဝန်ကြီးဌာနမှာ တစ်သိန်းခွဲကျော်က ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ငြင်းဆန်ခဲ့ကြခြင်းကြောင့် စစ်ကောင်စီ၏ ပညာရေးသည် မယ်မယ်ရရ ခရီးမရောက်လှပါ။ စစ်အသုံးစာရိတ်ထောင်းလွန်းခြင်း နှင့် စစ်ရေးဇောင်းပေးလွန်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အတူ သန်းချီသော ကျောင်းသားမိဘများကလည်း စစ်ကောင်စီလက်အောက်က စာသင်ခန်းမတွေဆီ သားသမီးတွေကိုလွှတ်ဖို့ ငြင်းဆန်လျှက်ရှိနေဆဲ။ နောက်တစ်ချက်မှာ အာဏာသိမ်းမှုကြောင့် ပြိုလဲကျသွားသော ကျန်းမာရေးစနစ်ကြောင့်လည်း ပညာသင်ကြားရေးကို များစွာထိခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကာလ (ဇွန်-စက်တင်ဘာ ၂၀၂၁)တွင် မြန်မာပြည်ရှိ မြို့ကြီးများတွင် နာရေးကားများ အလောင်း မသယ်နိုင်တော့သည်အထိ သေဆုံးနှုန်းများခဲ့ခြင်းဖြစ်သည်။ ထိုအခြေအနေတွင် ရောဂါကာကွယ်ရေးအစီအမံ မရှိသလောက် ဖြစ်နေသော စာသင်ခန်းမထဲသို့ ကျောင်းသားများကို ခေါ်သွင်းရန် မဖြစ်နိုင်ပေ။ အခြားတဖက်ကလည်း စစ်ကောင်စီအနေဖြင့် အွန်လိုင်းစာသင်ကြားရေးကိစ္စကို ခြေဉီးမလှည့်ပေ။ 

    ထိုကဲ့သို့ ကသောင်းကနင်းအခြေအနေတွင် စာသင်ကျောင်းများဖွင့်လှစ်ခြင်း နှင့် ပညာသင်ကြားခြင်းသည် နိုင်ငံရေးလှိုင်းတံပိုးကြားက အားပြိုင်မှုတစ်ခုဖြစ်ခဲ့၊ ဖြစ်နေဆဲပင်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဉီးဆောင်မှု အောက် သို့မဟုတ် ဉီးဆောင်မှုအောက်တွင် ရှိနေသည်ဟု ယူဆရသော အွန်လိုင်းစာသင်ကျောင်းများစွာ နှင့် စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကရင်နီ၊ ကချင် နှင့် ဒေသအတော်များများရှိ မြေပြင်စာသင်ကျောင်းများမှာ စိန်ခေါ်မှုများစွာရှိသည်။ ထို့အတူ စစ်ကောင်စီအောက်က စာသင်ကျောင်းများ အတွက်လည်း စိန်ခေါ်မှုရှိသည်။ အကြီးမားဆုံးစိန်ခေါ်မှုမှာ လုံခြုံရေးဖြစ်သည်။ စာသင်ကျောင်းများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲခြင်း နှင့် စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းများကို မကြာခဏတွေ့ရသည်။ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း စံပြကျေးရွာ အထက်တန်းကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်မှု အပါအဝင် များပြား လှစွာသော ဖြစ်စဉ်များက စာသင်ကျောင်းများလည်ပတ်ရန် သို့မဟုတ် ပညာသင်ကြားရေး ဆောင်ရွက်ရန် များစွာ အဟန့်အတားဖြစ်သည်။ ထို့အတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းပေါ်ကို စစ်တပ်တိုက်ခိုက်ရေးလေယာဉ်ဖြင့် ပစ်ခတ်တိုက်မှုကဲ့သို့ စစ်ရေး ပစ်မှတ်မဟုတ်ဘဲ တိုက်ခိုက်ခြင်းမျိုးများလည်း ရှိသည်။ လက်ယက်ကုန်းဖြစ်စဉ်တွင် (၇) နှစ်အရွယ် ကျောင်းသား မောင်ဘုန်းတေဇ အပါအဝင် အသက်မပြည့်သေး သည့် ကျောင်းသား (၈) ဉီး သေဆုံးခဲ့ရပြီး ‘သွေးကွက်စွန်းသွားတဲ့ စာသင်ကျောင်း’ဟု သတင်းမီဒီယာများက ရေးသားကြသည်။ ထိုဖြစ်စဉ်သည် ပညာသင်ကြားခွင့်ကို တိုက်ရိုက် ချိုးဖောက်ရုံ သာမက နိုင်ငံတကာစစ် ဥပဒေသ (International Humanitarian Law) ၏ အခြေခံမူများ၊ ဂျနီဗာကွန်ဗင်းရှင်း နောက်ဆက်တွဲ ပရိုတိုကော (၂)၊ အပိုဒ် (၁၃)ပါ အရပ်သားများ ကာကွယ်ခြင်းဆိုင်ရာ ပြဌာန်းချက်များကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။ ထိုကဲ့သို့သော စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှု သို့မဟုတ် စာသင်ကျောင်းများအပေါ် ခွဲခြားခြင်းမပြုဘဲ တိုက်ခိုက်မှုများသည် သတင်းစာပေါ်တွင် တွေ့ရသည်ထက် လက်တွေ့မြေပြင်တွင် ဖြစ်ပျက်နေသည်များက အဆမတန်ပိုများနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အညာတစ်ခွင်လုံးနီးပါး အင်တာနက် ဖြတ်တောက်ခံထားရမှု အပြင် နေပြည်တော်မှ သတင်းလွတ်လပ်ခွင့် လုံးဝ ပိတ်ပင်ထားသော အခြေအနေများကြောင့် ဖြစ်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းက UNICEF Executive Board ၏ အစည်းအဝေးတစ်ခုတွင် မြန်မာပြည်မှ ကလေးငယ်စုစုပေါင်း (၁၆၅)ဉီးသည် ၂၀၂၂ တစ်နှစ်အတွင်း သတ်ဖြတ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထိုကိန်းဂဏန်းမှာလည်း မှတ်တမ်းတင်နိုင်သော အရေအတွက်သာ ဖြစ်ပုံရသည်။ 

    အလားတူပင် ကျောင်းဆရာများ၏ လုံခြုံရေးသည်လည်း ပညာသင်ကြားရေးအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ကျေးရွာမှ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော ကျောင်းဆရာ ဉီးစောထွန်းမိုးအား ရက်ရက်စက်စက်သတ်ဖြတ်မှု၊ စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်၊ သက္ကယ်တောင်ကျေးရွာမှ ကျောင်းအုပ်ဆရာ ဉီးအောင်ဆန်းဝင်းအား သတ်ဖြတ်မှု နှင့် များစွာသော ပညာရေး ဝန်ထမ်းများ ပျောက်ဆုံးနေမှုများ ရှိနေသည်။ ဖြစ်စဉ်အများစုသည် ဥပဒေမဲ့နေသော စစ်ကောင်စီ၏ မြေပြင်တပ်ရင်းတပ်ဖွဲ့များကကျူးလွန်ကြောင်း သတင်းမီဒီယာများက ရေးသားဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်များကို ညွှန်ကြားနေသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် စစ်ရေးပစ်မှတ်သတ်မှတ်မှု နှင့် ‘စာသင်ကျောင်းများကို မတိုက်ခိုက်ရ’ အမိန့်ညွှန်ကြားချက် တစ်စောင် (၃/၂၀၂၂) ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ အဆိုပါ အချက်ကိုပင် စစ်သည်ကျင့်ဝတ်တွင် ထပ်မံထည့်သွင်းထားသည်ကိုလည်း တွေ့ရသည်။ ၎င်းမှာ လက်နက်ကိုင် တိုက်ပွဲအတွင်း စာသင်ကျောင်းများကို ကာကွယ်ရန်အတွက် အရေးကြီးသောမူဝါဒ လုပ်ငန်းတစ်ရပ် ဖြစ်ပြီး ပညာရေးအခွင့်အရေးကို လေးစားမှုပြသည့် လမ်းစတစ်ခုလည်း ဖြစ်သည်။ အကာအကွယ်ပေးရန် ပြည်စုံသည်ဟူ၍တော့ မမှတ်ယူနိုင်ပေ။ လုံခြုံရေးကိစ္စ အနှစ်ချုပ်ရသော် အထက်ပါ ဖြစ်စဉ်များ၊ အချက်အလက်များကို မှန်းဆကြည့်ရုံဖြင့် ပညာရေးအခွင့်အရေးသည် မည်မျှခြိမ်းခြောက်ခံနေ ရကြောင်း နှင့် ကန့်သတ်ခံနေရကြောင်းကို ကောင်းစွာ သဘောပေါက်နိုင်ပါသည်။ ထိုသို့သော နိုင်ငံရေး လှိုင်းတံပိုးကြားက အခြေအနေများသည် ကျောင်းနေအရွယ် ကလေးသူငယ် နှင့် လူငယ် (၁၂) သန်း၏ ပညာရေး ခရီးကို ပြတ်တောက်စေသည်ဟု ယူနီဆက်ဖ်က ဖော်ပြသည်။ 

    အနှစ်ချုပ်ဆိုရသော် နွေဉီးတော်လှန်ရေးအတွင်းမှ ပညာသင်ကြားရေးသည် စနစ်တကျရှိမလာသေးဘဲ ကသောင်းကနင်းအနေအထား တစ်ရပ်တွင်သာ ရှိနေသေးသည်။ ထို့အတူ ပညာရေးသည်လည်း အာဏာသိမ်း စစ်ကောင်စီ နှင့် တော်လှန်ရေးအင်အားစုများ၏ အားပြိုင်မှု နိုင်ငံရေးလှိုင်းတံပိုးများအကြားတွင် ရိုတ်ခတ် ခံနေရဆဲ။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေက ဖွင့်ပေးထားသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မလျှောက်လှမ်းနိုင်သေးသည်ကို တွေ့ရသည်။ အဆိုပါအချက်မှာ ကုလသမဂ္ဂယန္တရား၏ တုန့်ပြန်မှု သို့မဟုတ် နိုင်ငံရေးအရအာသီသ နည်းမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။  သေချာသည်မှာ မြန်မာပြည်ရှိ ပစ်ခတ်တိုက်ခိုက်မှုများအတွင်းမှ ကလေးငယ်များ၏ ပညာရေးအခွင့်အရေးဟုဆိုလျှင် သမားရိုးကျအတိုင်း စစ်ကောင်စီ၊ တော်လှန်ရေးအင်အားစု နှင့် အာဆီယံဟု ရှုမြင်ရုံမျှဖြင့် မလုံလောက်ပေ။ ဆယ်သန်းကျော်သော မြန်မာကလေးသူငယ်များ နှင့် ကျောင်းသားလူငယ်များ၏ ပညာသင်ကြားခွင့်သည် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအကူအညီမပါဘဲ သိပ်အရာမရောက်နိုင်ပါ။ မြန်မာပြည်တွင် ရှိနေနှင့်ပြီးသော ကုလသမဂ္ဂအေဂျင်စီ အဖွဲ့ပေါင်း (၂၀) အပေါ်တွင်လည်း မူတည်သလို ပညာရေးအခွင့်အရေးကို ကတိကဝတ်ခံထားသော နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၊ ပုဂ္ဂလိက ကော်ပိုရေးရှင်းများ နှင့် လူ့အခွင့်အရေး အမှတ်လက္ခဏာနိုင်ငံများ၏ အားတက်သရော ကူညီမှုလိုအပ်သည်။ ပညာရေးသည် အာဏာနိုင်ငံရေးမဟုတ်ပါ။ ထို့ထက် ပိုမိုကျယ်ပြန့်၍ နက်ရှိုင်းသော အနှစ်သာရ ရှိပါသည်။

    (၂၀၂၃ ခုနှစ်တွင် ရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။) 

    စာရေးသူအကြောင်း

    ဗညားတိုးသည် လူ့အခွင့်အရေးလေ့လာသုံးသပ်သူတစ်ယောက်ဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလတရားမျှတမှုအကြောင်း အထူးပြုလေ့လာသည်။ UK နိုင်ငံမှ လူ့အခွင့်အရေးမဟာဘွဲ့ရထားသည်။ 

    ကိုးကားစာရင်း

    1. Ian Harris (ed), Buddhism, Power and Political Order (Routledge 2007)
    2. အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း (၁၉၄၈)၊ အပိုဒ် (၂၆) (၁)
    3. International Covenant on Economic, Social and Cultural Rights (ICESCR) (1966), Art. 13
    4. United Nations Convention on the Rights of the Child (UNCRC) (1989), Art. 28
    5. International Human Rights Law’ (United Nations Human Rights Office of the High Commissioner). Available here. accessed 7 February 2023 

    6. ‘စီမံကိန်းနှင့်လုပ်ငန်းအစီအစဉ်များ’ (လူ့အခွင့်အရေးဝန်ကြီးဌာန). Available here. accessed 7 February 2023 

    7. Committee on Economic, Social and Cultural Rights, International Technical Assistance Measures (General Comment No. 2, 1990) para 3, 6
    8. Myanmar Ministry of Education, Myanmar COVID-19 National Response and Recovery Plan for the Education Sector (Government plan, 2020)

    9. ‘Education vs. revolution: school reopenings bring hard choices’ (Frontier Myanmar, 17 January 2022). Available here. accessed 7 February 2023
    10. ‘Some 90 percent of Myanmar students refuse to attend school under coup regime, teachers say’ (Myanmar Now). Available here. accessed 7 February 2023

    11. ကြားကာလနေအိမ်အခြေပြု/ပြည်သူ့အခြေပြု အခြေခံပညာသင်ကြားရေးလမ်းညွှန် (ပညာ‌ရေးဝန်ကြီးဌာန၊ ဧပြီလ ၂၀၂၂) 
    12. Ministry of Education, Statement of Basic Education Competency Standards for Interim Period (v2, MOE 2022) 

    13. ‘ဆရာ၊ ဆရာမ တစ်သိန်းခွဲနီးပါး အလုပ်ကနေ ရပ်ဆိုင်းခံခဲ့ရ’ (BBC, 25 May 2021). Available here. accessed 10 February 2023

    14. ‘ကိုဗစ် တတိယလှိုင်း – နာရေးကားတွေ “မနိုင်တော့တဲ့” ရန်ကုန်က စျာပနတွေ’ (BBC, 15 July 2021). Available here. accessed 10 February 2023

    15. ‘စာသင်ကျောင်းမှာ ကျန်ခဲ့တဲ့ကျောပိုးအိတ်လေးပိုက်ပြီး သမီးပြန်လာလေမလား မျှော်နေတဲ့မိခင်’ (BBC, 21 September 2022). Available here. accessed 10 February 2023
    16. Additional Protocol (II) of Geneva Conventions (APII), Art. 13 

    17. ‘Statement by Ambassador Kyaw Moe Tun at the First Regular Session of the UNICEF Executive Board’ (Permanent Mission of the Republic of the Union of Myanmar to the United Nations-New York, 7 February 2023). Available here. accessed 10 Feb 2023
    18. ‘ပေါက်မြို့နယ် NUG ကျောင်းမှ ဆရာ ၁ ဦး ရက်စက်စွာ အသတ်ခံရ’ (Irrawaddy, 18 October 2022). Available here. accessed 10 February 2023

    19. ‘ဟုမ္မလင်းတွင် CDM ကျောင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရ’ (Myanmar Now, 18 July 2022). Available here. accessed 10 February 2023

    20. ‘Military Code of Conduct for People’s Defense Force’ (MoD). Available here. accessed 10 February 2023 

    21. “သင်ယူမှု’ (UNICEF Myanmar). Available here. accessed 10 February 2023

  • အညာကျေးလက်အရည်အချင်းတွေ

    အညာကျေးလက်အရည်အချင်းတွေ

    အညာကျေးလက် အရည်အချင်းတွေ

              ဒီစာက ရသကဲတဲ့ အတွေးအမြင်စာစုဖြစ်ပါတယ်။ အညာလေ့လာရေးကိုမှ လူမှုသုတေသန ရှုထောင့်ကနေ ချည်းကပ်တင်ပြခြင်းလည်းဖြစ်ပါတယ်။ အကြောင်းအရာက ရိုးရှင်းပါတယ်။ ကျေးလက်အရည်အချင်းတွေ။ ပညာသင်ကြားခြင်းက ဘာလဲလို့ မေးခွန်းထုတ်တဲ့အခါ ကျောင်းဆရာ၊ စာရေးဆရာဖြစ်တဲ့ ဆရာဦးအောင်သင်းက “အတွေ့အကြုံနဲ့အတွေးအကြံကိုလက်ဆင့်ကမ်းတာ” လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ကျုံဆန့်နိုင်အားကောင်းလွန်းတဲ့ သရေပင်တစ်ကွင်းကဲ့သို့ ချဲ့တွေးလေ၊ ကျယ်ပြန့်လေဖြစ်တဲ့ အနှစ်ချုပ်သဘောတရားတစ်ခု (Abstract concept) တစ်ခုလို့ ကျနော် နားလည်လက်ခံပါတယ်။ သူ့ကိုယ်တိုင်ကကို အဆင့်မြင့်တဲ့ သိမှု နဲ့ သီအိုရီယူဆချက်များ တည်ဆောက်ခြင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်သည့်အလျောက် ယျေဘုယျဆန်နေတာ၊ တနည်းအားဖြင့် ဒီအဓိပ္ပါယ်ဖွင့်ဆိုချက် တစ်ခုတည်းမှာကိုက သတ္တုချသူရဲ့ သိမှုအတိုင်းအထွာ နဲ့ ဖြတ်သန်းမှု အပေါ်မူတည်ပြီး ဝိရောဓိဖြစ်ဖွယ်အကောက်အယူတွေ ဆွဲထုတ်နိုင်ပါတယ်။ Ambiguous ဖြစ်တဲ့ အနေအထားတစ်ခုလို့ နားလည်နိုင်ပါတယ်။ ဥပမာအားဖြင့် အတွေ့အကြုံ နဲ့ အတွေးအကြံ နှစ်ခုစလုံးဟာ လူတစ်ဦးချင်း သို့မဟုတ် လူအစုအဖွဲ့ဖြစ်တည်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သဘောတရားတွေ ဖြစ်တယ်။ ပုဂ္ဂလဓိဌာန်ဆန်တယ်။ ဒီတော့ ပညာသင်ကြားခြင်းဆိုတာ လူသားအားလုံးနဲ့ အကျုံးဝင်တဲ့ အဓိပ္ပါယ်သတ်မှတ်ချက် (universal definition) ထုတ်နှုတ်ဖို့ ခက်ခဲတဲ့ ဖြစ်စဉ် သို့မဟုတ် သဘောတရားတစ်ခုလို့ နားလည်နိုင်ပါတယ်။ ပညာသင်ကြားခြင်း သို့မဟုတ် လူတစ်ဦးချင်းစီရဲ့ ပညာသင်ကြားခွင့် နဲ့ ပတ်သတ်လို့ နိုင်ငံတကာလူ့အခွင့်အရေးမူဘောင်ထဲက သတ်မှတ်ချက်တွေရဲ့ အကြီးဆုံးအားနည်းချက်ကဘာလဲလို့ သုံးသပ်ရင် “ပညာရေးဆိုတာဘာလဲ” ဆိုတဲ့ အခြေခံ မေးခွန်းကို နိုင်ငံတော်ဆိုတဲ့ အယူအဆဘောင်ထဲက အဖြေပေးထားတာဖြစ်တယ်။ ဥပမာ – “နိုင်ငံတော်ရဲ့ မူဘောင်ထဲက ဖွင့်တဲ့ စာသင်ကျောင်းမှာ ပညာသင်မှပဲ ပညာတတ် (educated) ဖြစ်တယ်” ဆိုသည့်အမြင်ကို ဒီကနေ့ ပညာရေးအခွင့်အရေး နဲ့ ပညာသင်ကြားခြင်း မူဘောင်ကြီးက တည်ဆောက်ထားမိလျှက်သား (formulate) ဖြစ်နေပါပြီ။ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို အညာကျေးလက် ပညာရေးလို့ တပ်ချင်ပေမယ့် ဘောင်မဝင်တန်းမဝင်များဖြစ်နေလေမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် အညာကျေးလက် အရည်အချင်းတွေလို့ပဲ ခေါင်းစဉ်တပ်လိုက်တာပါ။ အခြေခံသီအိုရီ ယူဆချက်ကတော့ ဆရာဦးအောင်သင်းရဲ့ “ပညာသင်တယ်ဆိုတာ အတွေ့အကြုံနဲ့အတွေးအကြံကို လက်ဆင့်ကမ်းတာဖြစ်တယ်” ဆိုတာအပြင်၊ ပညာရေးဆိုတာ “လူ့ဘောင်ဖန်တီးဖို့ဖြစ်တယ်” ဆိုတဲ့ တတိယသီအိုရီ အညွှန်းကိန်းတစ်ခုကိုပါ ထပ်တိုးအခြေခံပြီး အဲဒီသုံးချက်နဲ့ ချိန်ဆဆွေးနွေးချင်တာပါ။ ဒီနေရာမှာ တတိယအချက်က (ပညာရေးဆိုတာ လူ့ဘောင်ဖန်တီးဖို့ဖြစ်တယ်) ကျနော့ရဲ့ ကိုယ်ပိုင် အဆိုပြုချက်သာဖြစ်ပြီးတော့ ထောက်ခံခြင်း၊ ငြင်းဆန်ခြင်း နဲ့ နားထောင်ခြင်းတို့ကို ပန်းပဲဆရာက ဓါးတစ်လက်ဖန်တီးသလို ထုနှက်၊ ဆန်းစစ်၊ ပုံဖော်ဖို့ လိုအပ်နေပါသေးတယ်။

              ကျနော်က တောထဲမှာ မွေးပါတယ်။ တောထဲမှာ ကြီးပြင်းပါတယ်။ တောသားတို့ တတ်သင့်တတ်အပ်တဲ့ သစ်ပင်တက်၊ လယ်ထွန်၊ တောတိုး၊ငှက်ပစ်ကစ တတ်ပါတယ်။ ဒါတွေက ခေတ်သစ်ပညာရေး အယူအဆနဲ့ စကားလုံးအရ ဘောင်ကွပ်ရရင်တော့ ဘဝတွက်တာကျွမ်းကျင်စရာ (life skills) တွေဖြစ်တယ်။ အခြေခံရှင်သန်မှု သို့မဟုတ် ကြံ့ကြံ့ခံနိုင်မှု (survival and resilience) တွေသာဖြစ်တယ်။ ဒီသဘောတရား ဖြစ်ထွန်းလာတာ ကျနော်တို့ အသိုင်းအဝိုင်းမှာတော့ မကြာသေးဘူးလို့သာ ပြောရမှာဖြစ်ပါတယ်။ ဒါတောင်မှ ရွာမှာတော့ အဲဒီအလုပ်ကို လုပ်တဲ့သူက “အနုတ်စုပ်၊ ဂုတ်စုပ်တောသား” ရယ်လို့ အများအမြင်မှာ ရှုမြင်ခံနေရဆဲဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်လို့ နွေဦးတော်လှန်ရေးကာလမှာ ရန်ကုန်၊ မန္တလေးက မြို့သားတွေ အညာတခွင်က ရွာတွေကို ရောက်လာတော့ ဆရာသမားတို့ ပထမဦးဆုံးသင်ရတဲ့ “ကျွမ်းကျင်မှု” သို့မဟုတ် “ပညာရေး” က အဲဒီအတတ်ပညာတွေပဲ ဖြစ်တယ်။ နို့မဟုတ်ရင် ဆရာသမားတို့လည်း ဒီတော၊ ဒီတောင်နဲ့ ဘယ်မှာ ရှင်သန်ဖို့ လွယ်လိမ့်မတုန်း။ မာလာရှမ်းကောမစားဘဲ နေတတ်ဖို့၊ ကန်ရေတို့၊ ချောင်းရေတို့ဆိုတာကို PH7 ရေလို့သဘောထားပြီး သောက်တတ်ဖို့၊ ကိုယ်နေမယ့်တဲကို ကိုယ်တိုင်ဆောက်တတ်ဖို့။ ဒီပညာရေးကို ဆရာသမားတို့ သင်ကြားကြရတာပါပဲ။ ဒါကပဲ အခြေခံ life skills သင်ခန်းစာများမဟုတ်ပါလား။ ကွာခြားချက်ကတော့ “သင်ရိုးညွှန်းတမ်း” ဆို၍ စာအုပ်ထူထူ၊ အရောင်စိုစိုနဲ့ ခန့်ခန့်ငြားငြား မရှိခြင်းပါ။ အညာကျေးလက်ရဲ့ လက်ဆင့်ကမ်းပညာရေးနည်းနာက တမျိုးတဖုံဖြစ်တယ်လို့ နားလည်ပေးလိုက်ကြတဲ့အခါ ရန်ကုန်၊ မန္တလေးတို့က ဆရာသမားတွေ နဲ့ အညာကျေးလက်က ဆရာသမားတွေ အပေးအယူတည့်ကြတာပါပဲ။

              ဒီသဘောတရားတွေကို နိုင်ငံရေးဘောင်ထဲက တွေးတဲ့အခါ အခြေခံအဆင့် “စား၊ နေ” အဆင့်ပဲရှိပါသေးတယ်။ နိုင်ငံရေးဆိုတာ လူတွေရဲ့ “စား၊ ဝတ်၊ နေရေး” လို့ဆိုကြတယ်မလား။ အညာကျေးလက်မှာတော့ လူရယ်လို့ဖြစ်လာတဲ့အခါ အခြေခံ “စား၊ ဝတ်၊ နေရေး” ကို မိဘဆွေမျိုးများက လက်ဆင့်ကမ်း သင်ကြားပေးကြပါတယ်။ စပါးစိုက်၊ ပဲစဉ်းငုံစိုက်၊ နှမ်းစိုက်၊ မြေပဲစိုက်၊ လယ်ထွန်၊ ယာထွန်၊ ထန်းတက်” ဒီပညာတွေအပြင် အိမ်နောက်ဖေး ဈေးဆိုင်တည်တဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာကိုပါ အဖေတို့ အမေတို့က သင်ပေးပါတယ်။ အင်္ဂလန်ရဲ့ သင်ရိုးညွှန်းတမ်းစကားနဲ့ပြောရရင် ဒါတွေက core modules တွေပါပဲ။ မယူမနေရ၊ မသင်မနေရပေါ့။ ဒီသဘောတရားကို သိပ်မဝေးသေးတဲ့ ဂျပန်လူမှုအသိုက်အဝန်းမှာလည်း ပုံစံတူတွေ့ရတဲ့ မိသားစုပညာရေး သဘောတရားတွေဖြစ်တယ်လို့ စာရေးဆရာချစ်စံဝင်းရေးခဲ့ဖူးတာ အမှတ်ရပါတယ်။ စာအုပ်နာမည်က ဂျပန်လူငယ်တစ်ယောက်အကြောင်းလို့ထင်ပါတယ်။ ဖတ်ခဲ့ဖူးတာ နှစ်ပေါင်း (၂၀) ဝန်းကျင်ရှိပြီဆိုတော့ မေ့တေ့တေ့။ ထားပါတော့။ အိမ်နောက်ဖေးဈေးဆိုင်တည် သင်ရိုးညွှန်းတမ်း မှာဆိုရင်တော့ ဗူးပင်ကို ရေများများ မသုံးဘဲစိုက်နည်း၊ ကျောက်ဖရုံကို ရာသီချိန်မှန်စိုက်နည်း၊ ခရဲ (အညာမှာ ခေါ်တဲ့ ဖရဲမျိုးစိတ်တစ်မျိုး။  မမှည့်ခင် ချက်စားရပါတယ်။ အရွက်ကို စားလို့မရပါ။ မြေလျှောက်ပင်တစ်မျိုးဖြစ်ပါတယ်။) ကို မြေပဲခင်း သို့မဟုတ် ပဲစဉ်းငုံခင်းထဲမှာ ညှပ်စိုက်နည်း၊ ရုံးပတီကို မန်းကျည်းရွက်ဆွေးနဲ့ စိုက်နည်း စသည်ဖြင့် အိမ်စရိတ်ကာမိအောင် အိမ်နောက်ဖေး စိုက်ခင်းထူထောင်တဲ့ မိသားစုပညာရေးထဲက သင်ရိုးတစ်ခုပါပဲ။ ခေတ်သစ်စကားနဲ့ပြောတဲ့အခါ အော်ဂဲနစ် အိမ်ဥယျာဉ် (organic home garden) ပေါ့။ ကျနော်အင်မတန် သဘောကျမိတဲ့ မိသားစုသင်ရိုးညွှန်းတမ်း တစ်ခုပါပဲ။ ဘယ်အရပ်၊ ဘယ်နေမှာနေနေ နေရာကလေးရတိုင်း ကျနော် ဒီကနေ့အထိ home garden လုပ်ပါတယ်။ အော်ဂဲနစ်သာ စိုက်ပါတယ်။ မိတ်ဆွေတွေစိုက်တာ မြင်ရင်လည်း ချစ်ပါတယ်။ ကျေးလက်ပညာရေးထဲက အခြေခံသင်ရိုးတစ်ခုက “ဝတ်” တဲ့ကိစ္စပါပဲ။ ကိုယ့်ဝါကိုယ်စိုက်၊ ကိုယ့်ချည်ကိုယ်ငင်ပြီး ယက်ကန်းစင်ထောင်ယက်၊ အဆင်ဆန်းတွေ မက်ကြတဲ့ ခေတ်မှာတော့ ဖလှယ်ပြီး ဝတ်ကြတာပေါ့။ မည်သို့ပင်ဆိုစေကာမူ ဒါကလည်း ကျေးလက် အရည်အချင်းတွေ သို့မဟုတ် ကျေးလက်ပညာရေးထဲက core module တစ်ခုပါပဲ။ ဒီစာရေးရင်းနဲ့ မဟတ္တမဂန္ဓီကြီးကိုတောင် လွမ်းမိပါတယ်။ ဂန္ဓီကြီး ကောင်းရာအရပ်မှာ ပျော်ရွှင်နေပါစေ။ အညာကျေးလက်ပညာရေးက “ဖူလုံမှုသဘောတရားကဲ” တဲ့ ပညာရေးဖြစ်နေတယ်ဆိုတာ ကျနော်တို့ ရိပ်စားမိတန်ပါပြီ။

    လူမှုဗေဒ

              အညာကျေးလက်ရဲ့ ဘဝတွက်တာကျွမ်းကျင်စရာမှာ လူမှုဗေဒကလည်း ပါပါတယ်။ ဒီသင်ရိုးတွေကတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေက တိတိကျကျလွှမ်းမိုးပါတယ်။ လောကနီတိဆိုတာ ကျနော်တို့ ဘိုကေညှပ်ပြီး တက်ခဲ့ရတဲ့ကျောင်းမှာ အာဂုံဆောင်ရပါတယ်။ အော် … အိန္ဒိယသားတွေ အညာကျေးလက်ကို အကြီးအကျယ် လွှမ်းမိုးကြပါပေတယ်။ လူကြီးသူမကို ရိုသေရမယ်။ မှားမှားမှန်မှန် ဟုတ် ..ဟုတ်လို့ ပြောရမယ်။ ဗုဒ္ဓက ကာလာမသုတ်တော်ကို သင်ကြားခဲ့ပေမယ့် ကျနော်တို့ အညာသားတွေက အကောက်အယူလွဲခဲ့ပုံရပါတယ်။ ထားပါတော့လေ။ အဲဒီနောက် (၃၈) ဖြာမင်္ဂလာတရားတော်၊ သင်္ဂါလောဝါဒသုတ်တော် စသည်ဖြင့်ပေါ့။ ဘိုကေဘဝနဲ့ အာဂုံဆောင် ခဲ့ဖူးပေမယ့် အင်္ဂလိပ်လိုရေးတတ်၊ ပြောတတ်ခါမှ အဲဒီဟာတွေ အင်္ဂလိပ်လို ရေးထားတာပြန်ဖတ်ကြည့်မိပြီး “အော် … သာမန်လူနားလည်တဲ့ ဟောပြောပို့ချမှုတွေပါလား” လို့သဘောပေါက် ခဲ့ရပါတယ်။ အဲဒီတော့မှ “ပညာတတ်တယ်” ဆိုတာကလည်း “သာမန်လူနားလည်အောင် ဟောတတ်၊ ရေးတတ်၊ ဆွေးနွေးငြင်းခုံတတ်မှ” ဆိုတာကိုလည်း ကျွဲကူးရေပါ နားလည်ခဲ့ရပါတယ်။ ဒါက အညာကျေးလက် အရည်အချင်းတွေထဲက လူမှုဗေဒ။

    အနာဂတ်မျှော်မြင်မှု

              နောက်တစ်ခုက အနာဂတ်မျှော်မြင်မှု။ ဒါက လူသားပညာရေးမှာ မေ့ထားလို့မရတဲ့ ကျောရိုးကြီးဖြစ်တယ်။ လူသားဆိုတာ “အိပ်၊ စား၊ ကာမ” ထက် ပိုစွမ်းတဲ့ သတ္တဝါမျိုးစိတ် မဟုတ်ပါလား။ အဲလိုမှမဟုတ်ရင်လည်း ဆင့်ကဲဖြစ်စဉ်သီအိုရီ (Evolution theory) အရ လူတွေက အခုထိ အမြီးတန်းလန်းအဆင့်ပဲ ရှိပေမပေါ့။ လမ်းပမ်းဆက်သွယ်ရေးလေး ကောင်းလာတာ၊ ကူးလူးဆက်ဆံမှု များလာတာနဲ့အမျှ အညာကျေးလက်ရဲ့ အနာဂတ်မျှော်မြင်မှုကလည်း ရေမြင့်တဲ့အခါ ကြာတင့်ခဲ့တာပါ။ “ငါတို့ငတ်ချင် ငတ်ပလေ့စေ။ ငါတို့သားသမီးကိုတော့ ပညာတတ်ကြီးဖြစ်အောင် ထားမယ်” ဆိုတဲ့ အညာကျေးလက်က ကျောမွဲမိဘပေါင်း မြောက်များစွာကို ကျနော်နေ့တဓူဝတွေ့ဖူး၊ ကြုံဖူး၊ မြင်ဖူး၊ ကြားဖူးပါတယ်။ အဲဒီမိဘတွေ ရှိလို့လည်း ဒီကနေ့ အညာသားတွေက မာ့စလိုရဲ့ လိုအပ်ချက်သီအိုရီပိရမစ်ရဲ့ ထိပ်ဖျားပိုရောက်တဲ့ သိမှုအဆင့်၊ ကိုယ်ပိုင်အမှတ်လက္ခဏာအဆင့်ကို ဆွေးနွေးငြင်းခုံနေကြတာဖြစ်တယ်။ အော် … ကျေးဇူးကြီးမားလှပါ၏။

    အညာကျေးလက်ပညာရေး နဲ့ လူ့အခွင့်အရေး

              အညာကျေးလက်ပညာရေးက လူ့ဘောင်တစ်ခုကို အခြေခံစည်းနှောင်မှု ကောင်းကောင်းပေးနိုင်ခဲ့တဲ့၊ ပေးထားနိုင်တဲ့ အဆင့်အတန်းတစ်ခုရှိတယ်လို့ အဆိုပြုရင် ဘယ်သူငြင်းရဲမလဲဆိုတာ သိချင်မိပါတယ်။ အညာသားတွေရဲ့ ဗိသုကာပညာ၊ မိုးလေဝသပညာ၊ ဘဝနေထိုင်မှုပညာတွေက ကောင်းကောင်းကြီးဖြစ်ထွန်းပါတယ်။ ဒုတိယကမ္ဘာစစ်လွန်ကာလများရဲ့ လူ့အခွင့်အရေး ဆွေးနွေးငြင်းခုံမှု (Human Rights discourse) တွေက လူ လူချင်းကျွန်ပြုမှု၊ ကျား-မ တန်းတူမဲပေးခွင့်၊ လူတန်းစားခွဲခြားမှု၊ အသားအရောင်၊ လူမျိုးခွဲခြားမှုဆိုတဲ့ အကြောင်းအရာများက လွှမ်းမိုး နေခဲ့တယ်ဆိုတာ အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် နဲ့ ဝါရှင်တန်က ပြခန်း၊ ပြတိုက်ပေါင်းသောင်းခြောက်ထောင်၊ ဥရောပတလွှားက ပြခန်းပြတိုက်ပေါင်း သောင်းခြောက်ထောင် ကနေ မြင်နိုင်ပါတယ်။ အညာကျေးလက်ရဲ့ အတွေ့အကြုံ၊ အတွေးအကြံ နဲ့ လူ့ဘောင်ဖန်တီးမှု ရှုထောင့်သုံးခုစလုံးမှာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေမူဘောင်ထဲက အခွင့်အရေးအညွှန်းကိန်းတွေ၊ နောက်ခံအကြောင်းတရားတွေအပြင် လူသားဆိုင်ရာရှုမြင်မှုတွေနဲ့ ဖီလာဆန့်ကျင်ဖြစ်မနေဘူး ဆိုတာလောက်မှာတော့ ငြင်းချက်ထုတ်စရာရှိမယ် မထင်ပါဘူး။ ကြွားပြောရရင်တော့ အညာကျေးလက်ပညာရေးက ခေတ်အဆင့်အတန်းတစ်ခုကို မှီပါတယ်။

              ဒါတွေက အညာကျေးလက်အရည်အချင်းတွေကို အခြေခံအဆင့် စေ့ငုကြည့်ခြင်းပါ။ ပညာရေးဆိုတာ မိုးမျှော်ပိရမစ်ကြီးတွေလိုပါပဲ။ အုတ်မြစ်ကျယ်ကျယ်၊ ခိုင်ခိုင်ချပြီး ထိုးထွက်၊ တိုးတက်နေရမှာ မလား။ ပညာရေးဆိုတာ မိုးကုတ်စက်ဝန်းကြီးလို ကျယ်ဝန်းနေရမှာ မဟုတ်ပါလား။ လူတစ်ဦး တစ်ယောက်ချင်းစီမှာတော့ အတိုအရှည်မတူညီတဲ့ ပညာရေးပန်းတိုင် အကန့်အသတ်ရှိမှာဖြစ်ပေမယ့် လူ့အသိုက်အဝန်းတစ်ခုအနေနဲ့ဆိုရင်တော့ ကောင်းကင်က ကြယ်တွေကို လှမ်းကြည့်သလို ပညာရေးပန်းတိုင်က မြင့်မြင့်နဲ့ ထင်းထင်းကြီးရှိရမှာက ဆင့်ကဲဖြစ်စဉ်သီအိုရီအလိုအတိုင်းပါပဲ။ ပညာသင်တယ်ဆိုတာ အစိုးရဝန်ထမ်းလုပ်ခွင့်ရဖို့ဆိုတာလောက်ကို လူ့အသိုက်အဝန်းကြီးက လှိုင်လှိုင်ကြီး အားပေးထောက်ခံနေကြရင်တော့ လမ်းလျှောက်တဲ့အခါ မိုးပေါ်ကို ခြေထောက်ထောင်ပြီး လျှောက်သင့်ပါတယ်။ မဟုတ်လဲ မြေကြီးထဲ စိုက်ဝင်မှာပဲလေ။

    ဓါတ်ပုံ- ဒို့အညာ

  • တီဂျေနှင့် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေး

    တီဂျေနှင့် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေး

    တီဂျေနှင့် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေး

    TJ and IR

    အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်တွေ လုပ်တဲ့အခါ ရေသောက်မြစ်ကို ထိနိုင်ဖို့ လိုတယ်။ မတရားမှုတွေရဲ့ အရင်းခံအကြောင်းတရား၊ မထိရောက်မှုတွေရဲ့ အရင်းခံအကြောင်း တရား အဲဒါတွေကို ဖော်ထုတ်ပြီး ဖြေရှင်းဖို့က အချိန်အားဖြင့် ကန့်သတ်ဘောင်တစ်ခုထဲမှာ အကောင်အထည်ဖော်ရတဲ့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဘောင်က ပြေစေပျောက်စေ တော့ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့် အရင်းခံအကြောင်းတရားတွေကို ဖြေရှင်းရမယ်ဆိုတဲ့ အသိအမှတ်ပြုမှု၊ ကြိုးပမ်းအားထုတ်မှု နဲ့ နိုင်ငံရေးသဘောတူညီချက်၊ ဥပဒေပြဌာန်းချက်တွေကို ထိထိမိမိ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ မတရားမှုတွေအကြောင်းပြောတဲ့အခါ တရားရုံး ဘောင်ထဲကနေ ဖြေရှင်းတာ၊ အမှန်တရားကော်မရှင်တွေရဲ့ ဘောင်ထဲကနေဖြေရှင်းတာ တွေအပြင် မတရားမှုလုပ်ခွင့်ရနေစေတဲ့ ဥပဒေပေးထားချက်များ၊ ချယ်လှယ်ခွင့်ရနေတဲ့ အင်စတီကျူးရှင်းများ၊ အစိုးရဗျူရိုကရေစီထဲက အကာအကွယ်ရနေတဲ့ ဝန်ထမ်းအစုအဖွဲ့များ နဲ့ ဗဟိုစုအား လျှော့ချလိုက် ဖို့ကလည်း အသွင်ကူးပြောင်းရေးကာလတရားမျှတမှု လုပ်ငန်းစဉ် တွေထဲက တစ်ခုဖြစ်တဲ့ အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲခြင်းရဲ့ ပင်မ အစိတ်အပိုင်းများ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်ဆွေးနွေးချင်တဲ့ ဒုတိယအချက်က ဗဟိုခွာအားကို အားပေးဖို့ ဖြစ်ပါတယ်။ ဒေသန္တရ ဒီမိုကရေစီနဲ့ ဒေသန္တရအုပ်ချုပ်ရေးကို အားကောင်းအောင် မွေးမြူဖို့ ဖြစ်ပါတယ်။  

    အဲဒီအကြောင်းအရာတွေထဲကနေ ဆက်စပ်ပြီး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းတွေထဲက အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေးကိစ္စကို ဆွေးနွေးတင်ပြမှာ ဖြစ်ပါတယ်။ တရားရုံးအခန်းထဲက ကိစ္စရပ်တွေကို ခဏ ချန်ထားပြီး တရားရုံးပြင်ပမှာ မဖြစ်မနေ လုပ်ရမယ့်၊ လုပ်လို့ရနိုင်တဲ့ ကိစ္စရပ်တွေကို ဦးတည်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးရဲ့ အစိတ်အပိုင်း (၁) မှာ ပထမဦးဆုံး ဆွေးနွေးချင်တာ အစိုးရဗျူရိုကရေစီယန္တရားကို ဒေသိယပြုဖို့ ဖြစ်ပါတယ်။ တစ်ခုခုဆိုရင် ဗဟို Executive Branch နဲ့ အနီးဝန်းကျင်က မီးစိမ်းပြမှာ သို့မဟုတ် မီးဝါ၊ မီးနီ မပြမှာကိုပဲ ထိုင်စောင့်၊ စိုးရိမ်နေရတဲ့ ဗျူရိုကရေစီဝန်ထုပ်ဝန်ပိုးကြီးကို ပြင်ဆင်ဖို့ လိုပါတယ်။ ဒါက စစ်အာဏာရှင်စနစ် သို့မဟုတ် ဗဟိုဦးစီးစနစ်ကနေ ဖက်ဒရယ်စနစ်ဆီကို အသွင်ကူးပြောင်းရေးလုပ် တဲ့ လုပ်ငန်းစဉ်ထဲမှာ အသက်သွေးကြောဖြစ်တယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုတာကလည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းတွေရဲ့ လိုရင်းချက် တစ်ခုလည်း ဖြစ်ပါတယ်။ မဟုတ်ဘူးဆိုရင် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေးဆိုတာက တစ်ထောင့်တစ်ညပုံပြင် တွေမှာသာ အဆုံးသတ်ရမှာ ဖြစ်တယ်။ ကျနော်တို့ ဘယ်ကိုမှ ရောက်မှာ မဟုတ်။ မြင်သာအောင် ဥပမာတစ်ခု ထုတ်နှုတ်တင်ပြပါ့မယ်။ ဝန်ထမ်းခန့်ထားရေး ဖြစ်ပါတယ်။

    အသွင်ကူးပြောင်းရေးကာလတရားမျှတမှုမှာ ဝန်ထမ်းခန့်ထားရေးနဲ့ပတ်သတ်လို့ နောက်ကြောင်း ရာဇဝင်စစ်ဆေးခြင်း (vetting) လုပ်ရပါတယ်။ ဗဟိုဦးစီးစနစ်ကနေ အသွင်ပြောင်းဖို့ တော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲပြီးခါမှ vetting ကို ဗဟိုကပဲ စစ်ခွင့်၊ အတည်ပြုခွင့်ရမယ့် ပြဌာန်းချက်မျိုးကို ကျနော်တို့ အစကတည်းက မလုပ်မိဖို့ လိုပါတယ်။ ကျိုးကြောင်းဆီလျှော်မှု မရှိပါဘူး။ တချိန်တည်းမှာပဲ ဒေသန္တရအစိုးရအနေနဲ့ သူ့ဒေသနဲ့သူ ဝန်ထမ်းရွေးချယ်ပိုင်ခွင့်၊ ခန့်ထားပိုင်ခွင့် နဲ့ ထုတ်ပယ်ပိုင်ခွင့်တွေကို ရရှိနေဖို့ လိုပါတယ်။ သို့သော် ဘယ်လိုပြစ်မှုမျိုး ကျူးလွန်သူဆိုရင်တော့ ဘယ်ပြည်နယ်ကမှ vetting ပေးအောင်ခွင့် မရှိဆိုတာမျိုး ဘုံသတ်မှတ်ချက် တစ်ခု လိုနေသေးတာလည်း ငြင်းလို့မရပါဘူး။ ဒါက ဖက်ဒရယ် နဲ့ ပြည်နယ်တွေကြားက ညှိနှိုင်း ဆောင်ရွက်ရမယ့် ကိန်းရှင်တစ်ခုအဖြစ် နားလည်နိုင်ပါတယ်။

    ဒီနေရာမှာ အပေါ်မှာ ပြောခဲ့တဲ့ ဒေသန္တရအစိုးရဆိုတာ ပြည်နယ်အစိုးရတစ်ခုတည်းကို ရည်ညွှန်းတာ မဟုတ်ဘူးဆိုတာ သတင်းစကားပါးချင်ပါတယ်။ ပြည်နယ်အစိုးရထက်ပိုပြီး လက်လီစိပ်တဲ့ အစိုးရများကို ဆိုလိုတာဖြစ်ပါတယ်။ ဘယ်လောက်ထိ လက်လီစိပ်မလဲ ဆိုတာကတော့ သက်ဆိုင်ရာ ပြည်နယ်ရဲ့ တည်ရှိမှု နဲ့ အားသာချက်၊ အားနည်းချက်များ အပေါ်မှာသာ မူတည်ပါတယ်။

    ဒုတိယ အစိတ်အပိုင်းအနေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အချောင်ခိုချင်စိတ်၊ တနည်းအားဖြင့် Free riders တွေကို အချောင်ခိုခွင့်နည်းအောင် ဖန်တီးဖို့ဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းရဲ့ နိုင်ငံသားဖြစ်မှု နဲ့ နိုင်ငံသားတာဝန်ယူမှု (Active citizenship) ကို အားကောင်းအောင် မွေးမြူဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာပြည်လို စုံလင်များပြားလှ လူမျိုးစုတွေ၊ လူမျိုးစုဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့၊ စစ်ရေးအစုအဖွဲ့တွေ ရှိတဲ့ တိုင်းပြည်အနေနဲ့ နိုင်ငံသားဖြစ်မှုနဲ့ နိုင်ငံသားတာဝန်ယူမှုကို ဖြစ်ထွန်းအောင် မွေးမြူဖို့ဆိုတာ နိုင်ငံတော်တည်ဆောက်ရေးရဲ့ ပင်မဖြစ်တဲ့ ဘုံအမှတ်လက္ခဏာတ တစ်ခု၊ ဓလေ့တစ်ခု ဦးစွာဖြစ်ထွန်းဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မတူညီတဲ့ လူ့အသိုင်းအဝန်းငယ်လေးတွေရဲ့ လွတ်လပ်မှု၊ ဒူပေဒါပေခံမှု နဲ့ အပြန်အလှန်အကျိုးပြုမှု တန်ဖိုးတွေ ဖြစ်ထွန်းအောင် လုပ်ဖို့တွေက Free riders ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီအချက်တွေကို ဒီနေရာမှာ ဘာကြောင့်ဆွေးနွေးရသလဲဆိုတော့ အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရေးနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ရေချိန်အနိမ့်အမြင့်ဆိုတာ နီးကပ်စွာ ဆက်စပ်နေကြတဲ့ အရာတွေဖြစ်လို့ပါပဲ။

    ဓါတ်ပုံ- အင်တာနက်

  • Central Burma at the Crossroads of 2025’s Critical Politics

    Central Burma at the Crossroads of 2025’s Critical Politics

    Central Burma at the Crossroads of 2025’s Critical Politics

    By; Banyar Toee

    17 December 2024

    When the military seized power in 2021, not only did the people of central Burma, locally known as Ah Nyar, rise in defiance with pots and pans, but few could have imagined they would take up arms to fight the Naypyitaw military back. The most surprising party, undoubtedly, was the military regime itself. Three months after the coup that overthrew the elected National League for Democracy government, Senior General Min Aung Hlaing admitted in a rare and awkward confession during an exclusive interview with China’s Phoenix TV, “To be honest… if I may say so, I didn’t expect it to go this far.” His body language and expressions betrayed his discomfort as he leaned forward, fidgeting, with a flushed face revealing his embarrassment.

    For decades, the military had firmly controlled Ah Nyar area which the military itself and security scholars labelled the heartland. Yet, in the early days of the Spring Revolution in 2021, the Ah Nyar Community which I here refer to as the collectiveness of the people from central Burma, not only resisted but also fuelled a growing resistance movement that the military could no longer suppress.

    The Ah Nyar Community is courageous and decisive in fighting the very established Nyipyitaw military back. From the onset of the Spring Revolution in early 2021, Ah Nyar revolutionaries rose up across the region, sending a clear message to the military junta: not only would they reject dictatorship, but they were also determined to eradicate it at its roots. It should not be a surprise when a villager from central Burma raises a three-fingers sign and says, ‘End military dictatorship’. It is what the vast majority of locals do in the region. The choice to take the revolutionary path was not one made lightly. The Ah Nyar people were well aware that it would not be a walk in the park, but rather a thorny and arduous road. Yet, having tasted freedom, justice, and dignity, they were not willing to accept an unjust coup. Are these not the very essence of the Spring Revolution’s ideals?

    As we approach 2025, the journey of the Spring Revolution will mark its fourth year. Early in the revolution, Kachin leader Lieutenant General Gun Maw commented that “a revolution should not last beyond five years.” His statement was made with measured contemplation, and we now see its relevance in Ah Nyar especially in linking with Kachin Independence Army’s policy position regarding Ah Nyar. The Kachin Independence Organisation’s (KIO) military and political manoeuvres across the region are closely tied to this perspective. KIO/KIA has been, since the onset of 2021 military coup a dedicated supporters in Ah Nyar as a well-established and experienced ethnic armed revolutionary organisation in Burma.

    This article will not analyse the whole picture of the Spring Revolution, instead; I will take a focus on Ah Nyar. I must clarify beforehand that I am a native from Ah Nyar, with a deep tie to the community and a firm belief in the values of freedom, justice, and dignity. This perspective informs my writing, and there may be a degree of bias in my arguments.

    2025 Watchlist

    The wartime situation in Burma is highly fragile and complex. The power dynamics of political and military actors shift rapidly, as do the socio-political landscapes surrounding them. With this in mind, this article will highlight pivotal military and political developments to note in 2025.

    Arakan

    For Ah Nyar, Chin state, and Rakhine state, the intertwined nature of their geography, economy, security, and social relations necessitates a shared focus. Beyond their proximity, these regions are deeply interconnected through economic and security ties. The Arakan Army’s (AA) military operations in Rakhine state, along with movements near the western edge of Magway Region and southern Chin State, bear strategic implications for Ah Nyar.

    As of 16 December 2024, AA reports indicate that it has either gained control or conducted extensive troop deployments in nearly all towns sharing the land border with mainland (central Burma) and Chin State. AA has controlled all areas sharing the border with its immediate neighbour Bangladesh. Out of the 17 towns in Rakhine State, only three towns, including the capital city Sittwe and China’s economic hub Kyauk Phyu, might be controlled by the AA without intense clashes, with attacks by the AA yet to be launched. Therefore, technically, Man Aung is the only town where the AA would need to launch an intense attack against the Naypyidaw military.

    The AA’s next critical steps will involve securing assurances of security, especially from the most likely heavy aerial and navy attacks from the Naypyitaw military, and political recognition for the territories it has acquired. For this reason, Magway’s strategic significance to the AA’s broader objectives cannot be overlooked.

    NUG and International Relations

    Ah Nyar is not only the central stronghold of NUG but also NUG remains a critical political actor for Ah Nyar’s security and political future. This situation clearly indicates the need for the NUG and Ah Nyar to build a mutually beneficial relationship grounded in political accommodation.

    It should be noted that the legitimacy boundary has already reached for elected representatives from 2020 General Election. Given the timeframe boundary of legitimacy from 2020 general election, the year 2025 will serve as a critical turning point for elected officials and administrative bodies formed under the NUG, Committee Representing Pyidaungsu Hluttaw (CRPH) and National Unity Consultative Council and National Unity Government (NUCC). Assumably, the NUG head, Acting President Duwa Lashi La has been working on this, and he recently called his squad in exile to come back to Burma, following the public criticism of the fact NUG, NUCC and CRPH members are in exile. In this political climate, it is a question for NUG to do something different from the past, unlike the failed government in exile in the past – National Coalition Government of the Union of Burma. There is still one more strike for NUG. The junta boss, Min Aung Hlaing, and his squad are stepping up clearly on their plan for a sham election in 2025.

    The fall of the Northeastern Regional Command (Ya Ma Kha) on 25 July 2024 marks one of the most humiliating military defeats for the Naypyidaw junta. The Ya Ma Kha is a major military base near the Chinese border. This loss has resonated domestically and internationally, drawing criticism of Senior General Min Aung Hlaing’s leadership even among his supporters. Adding more to this backlash, the junta boss has just recently lost the Western Regional Command, along with major losses in the entire western border of Burma. This raises a signal for Min Aung Hlaing to tighten his grip and legitimacy of his rule.

    As the junta attempts to legitimise its rule, it has announced plans for elections, albeit limited to the regions it controls. However, with most of the country’s key borders and rural areas beyond its control, these elections will likely be confined to the Naypyidaw Council area and Yangon, and some cities under his influence. Whatever the situation is, it is unlikely that the junta will care about either international or domestic laws even the 2008 Constitution which they repeatedly framed like a bible.

    In the realm of international relations, three significant challenges influence central Burma and NUG. First and foremost is China’s overt support for the Naypyitaw military, particularly in the aftermath of the junta losing control of a major regional military command near the Chinese border. Multiple announcements from ethnic revolutionary groups have confirmed China’s policy of discouraging collaboration between ethnic revolutionary groups from peripheral states and the revolutionary forces in central Burma and the NUG. For Beijing, the prospect of Naypyitaw’s regime collapsing and being replaced by a government dominated by Western democracies – or Burma splintering into smaller, independent states – would be a deeply unsettling scenario. Recent moves made by New Delhi become a second factor – likely to have a more direct influence on central Burma. The Naypyitaw military recently dispatched its political representatives to New Delhi. While no official statements were released, it is evident that the military is determined to pressure New Delhi – at any cost – to assist in suppressing revolutionary groups from central Burma, Arakan, Chin, and Kachin. The Naypyitaw military sees it as essential to contain its enemies within the heartland, preventing them from forming alliances with borderland-based powerful ethnic revolutionary groups or other political factions. Finally, regional stability and security concerns from ASEAN member states represent the third significant factor influencing the movement in central Burma. Despite the major failure of the Five-Point Consensus (5PC), ASEAN – particularly Burma’s neighbouring countries – has persistently sought to normalise the 2021 military coup under the pretext of maintaining regional stability and security. The Naypyitaw military has exploited its control over the Presidential House and Parliament in Naypyitaw to push ASEAN into endorsing its agenda since 2021. In 2025, this should also be watched together with China and India’s interactions with Naypyitaw.

    The Shan-Man Operation

    The Shan-Man Operation began on 25th June 2024 and is a significant military operation aligned with the powerful 1027 operation and wider movement in central Burma. The group in the centre, Mandalay People Defence Force (MDY PDF) confirmed the operation’s significance in 1027 Operation, as Phase 2 after it was paused for a while. Despite the command structure is not clear yet, the Shan-Man Operation is a joint military operation of revolution forces, notably TNLA, MDY PDF, DPLA and several battalions from Ah Nyar, particularly Shwebo District. The operation spread across Thabeikkyin, Singu, Tagaung, and Madaya but also as far as Naungcho and Mogok. It is a strategic operation linked to the movement in Upper Sagaing. Upon its success, the L-shaped supply route connecting Kachin, Sagaing, and Mandalay to northern Shan – where nearly all townships are under the control of ethnic revolutionary forces – is expected to serve as a major catalyst for further military operations across central Burma. Despite continuous pressure from China, the Shan-Man Operation has not entirely halted, although its momentum has slowed, as recently confirmed by MDY PDF’s Soe Thura Zaw. Strategic military operation such as this, which surpass the level of a regional operation, are vital for bolstering the strength and unity of revolutionary forces in the central plains. This makes the operation highly significant for the region’s overall strategy.

    The Junta’s Election Plan

    The current realities in Naypyitaw have consistently signalled to the dictators in power the need for a big move – one that halts widespread military operations, particularly from powerful EROs, and prompts consideration of the legitimacy of their rule. This comes as they announce plans for elections, albeit limited to the regions under their control.  However, with most of the country’s key borders and rural areas beyond its control, these elections will likely be confined to the Naypyidaw Council and some city areas like Rangoon. Once again, the Naypyitaw military has no option but to resort to its old playbook in an attempt to secure international recognition. It remains reliant on a handful of allies, including Russia, China, India, and certain ASEAN member states. Despite its financial crisis, the Naypyitaw military appears willing to pay any price to secure such support.

    On the other hand, we should also look at the limitations of 2020 election results, which will reach its five-year boundary very soon. It necessitates NUG and Spring Revolution Forces to do something different and prove they are smart and different from the previous government in exile, NCGUB. This situation could sway countries, such as ASEAN members and India, into falling into Naypyitaw’s trap with its fraudulent election. This is a likely scenario, given the regional security concerns of ASEAN members and neighbouring states due to the fragile political and security landscape in Burma.

    The Kachin Operation

    The Kachin Operation is deeply interlinked with the revolutionary movements in Ah Nyar since in the beginning of Spring Revolution 2021. Laiza’s perspective on the Spring Revolution plays a crucial role in shaping the dynamics of the central region. The late KIA Commander-in-Chief, Lieutenant General R Hkawng Lum, who passed away on 13 May 2024, was reported to have maintained close coordination with leaders from the NUG’s Ministry of Defence, as well as with revolutionary movements in Ah Nyar. NUG Defence Minister Ye Mon disclosed that R Hkawng Lum was a close associate with whom he frequently discussed the revolutionary movement in central Burma. Meanwhile, we have seen the significant role of KIA across central Burma, particularly in Sagaing region. KIA also controlled all of its borders with China following the recent military operations along the border. 

    To continue part (2) …

    Photo: Internet

    About the Author: 

    Banyar Toee is a Human Rights Analyst specialising in Transitional Justice in Burma and Southeast Asia. He holds a Master’s degree in Human Rights from the United Kingdom.

my_MMMyanmar